Final. 39. (Unicode) အဆုံးသတ်(သို့)အစပြုခြင်း

1.9K 103 7
                                    

Three month later,

လွန်ခဲ့သောသုံးလက ကိစ္စတော်တော်များများဖြစ်ပျက်သွားခဲ့သည်။ ဒေါ်မှိုင်းဧကရီကတော့ မိုးလုံးမှိုင်း၏မိဘများအားလုပ်ကြံသတ်ဖျက်မှု စောသဒ္ဒါမောင်အားသတ်ရန်ကြံစည်မှု ရန်ပုံငွေအလွဲသုံးစားလုပ်ပြီး လွန်ခဲ့သောဆယ်နှစ်ကျော်အတွင်းအခွန်တိမ်းရှောင်မှုများဖြင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျသွားပြီးထောင်ထဲမှာပဲစိတ်ဖောက်ပြန်ကာ ကိုယ့်ကိုကိုယ်သတ်သေ သွားခဲ့သည်။ ကြည်နူးမေကတော့ လူသတ်ရန်ကြံစည်မှုတွင်ကြံရာပါအဖြစ်အဖမ်းခံရပြီး ထောင်နှစ်နှစ်ကျသွားသည်။

မိုးလုံးမှိုင်းသည် စောသဒ္ဒါမောင့်၏အဖွားထံသို့ဖွင့်ပြောကာ လက်ထက်ရန်ခွင့်ပန်ခဲ့သည်။ အဖွားကတော့စောသဒ္ဒါမောင်စိတ်ချမ်းသာရင်ပြီးရောဟုဆိုကာသဘောတူခဲ့ပြီး 'Y' မြို့တော်သို့လိုက်လာခဲ့သည်။

" မြေးရေ...မောင်စိုင်းမလာသေးဘူးလားကွဲ့ "

" ဟုတ်ပါ့ဖွား..ဘာလုပ်နေလဲမသိဘူး.. အခုထိကိုမလာသေးဘူး ...ဖွားဝတ်ဖို့ဝတ်စုံပါဝင်ရွေးရမှာပါဆိုနေမှသိပ်ကြာတာပဲ ..နေဦးပေါ့..ဦးမှိုင်းနဲ့ကိုတိုင်ပစ်မယ် "

" အမလေးဗျာ သူဌေးကတော်ရယ်...ဥက္ကဠဆီတော့မတိုင်ပါနဲ့ဗျာ ကျွန်တော်မျိုးရောက်ပါပြီ... တစ်ကယ်ပဲအာဏာပြချက်က "

" ဟော..ပြောရင်းဆိုရင်းမောင်စိုင်းရောက်လာပြီလား "

စိုင်းသုသျှန်၏အသံကြား၍ဖွားသည်မီးဖိုထဲတွင်စီမံခန့်ခွဲနေရာမှလှမ်းအော်မေးလေသည်။

" ဟုတ်ဖွား....သားရောက်ပါပြီ...ဒီမှာလေ.ဖွားမြေးကောက်စိန်ကိုသူ့ဦးမှိုင်းဆီသွားပို့လိုက်ဦးမယ်ဗျို့ "

" အေးအေး..မြန်မြန်သာပို့လိုက်သားရေ...သားကိုစောင့်ရတာကြာလို့တဲ့..ကိုယ်တော်လေးကပွစိပွစိပြောနေတာကြာပေါ့..ကြာလေကြာလေအဒေါ်ကြီးနဲ့တူလေပဲ "

" ဖွားနော်..."

သူ့ဘက်ကမပါသဖြင့်မီးဖိုထဲကဖွားမမြင်နိုင်မှန်းသိသော်လည်းစောသဒ္ဒါမောင်နှုတ်ခမ်းဆူမိသည်။

" ကိုင်းပါ..ကိုစောသဒ္ဒါမောင်ရယ်ကျွန်တော်မျိုးတော့နှုတ်သီးနဲ့မထိုးပါနဲ့..ထပါဗျာ...အမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပြီးပို့ပေးမယ်...ဟုတ်ပြီလားနောက်မကျစေရပါဘူး  "

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now