Chapter-77

468 97 19
                                    

For Unicode~

မိဘနှစ်ပါးနဲ့​တွေ့ဆုံခြင်း

ချန်ရှ ဖုန်းသံ​ကြောင့် အိပ်ရာနိုးသွားခဲ့၏။
သူအိပ်ရာနိုးနိုးချင်း ​ဖေး​ရှောက်ဇီရင်ခွင်ထဲမှာ
အိပ်​နေ​ခဲ့ခြင်းဖြစ်​ကြောင်း သိလိုက်ရ​ချေသည်။
Alphaဖြစ်သူရဲ့လက်​တွေက သူ့ခါးတစ်ဝိုက်ကို
ညင်ညင်သာသာ ​ပွေ့ဖက်ထားကာ သူ့မျက်နှာကမူ
ထိုသူရဲ့သန်မာသည့်ရင်ဘတ်နှင့် နီးကပ်​နေခဲ့၏။
ထိုအမျိုးသားဆီမှရင်းနှီး​နေတဲ့pheromoneရနံ့က
သူ့နှာ​ဖျားမှာ​ဝေ့ဝဲ​နေပြီး ချန်ရှအ​နေနဲ့တစ်ဖက်လူရဲ့
စည်းချက်မှန်မှန်ခုန်​နေတဲ့ အား​ကောင်းသည့်
နှလုံးခုန်သံကိုပင် ရှင်းရှင်းလင်းလင်းကြား​နေရသည်။

ဖုန်းသံက ဆက်တိုက်မြည်​နေခဲ့ပြီး ​သိပ်မကြာခင်
ဖေး​ရှောက်ဇီနိုးလာ​​လေသည်။သူနိုးလာတာနဲ့
သူ့ရင်ခွင်ထဲက​နေအိပ်ချင်မူးတူးဖြင့် သူ့ကို​​
မော့ကြည့်​နေသည့်လူငယ်​လေးကိုမြင်​လိုက်ရ၏။ ​
ဖေး​ရှောက်ဇီပြုံးလိုက်ပြီးလူငယ်လေးရဲ့နဖူးကို
ငုံ့နမ်းကာ ခပ်တိုးတိုးပြောလိုက်သည်။
"ကိုယ်ယူ​ပေးမယ်"

​ဖေး​ရှောက်ဇီ ပတ်ပတ်လည်လှမ်းကြည့်လိုက်ပြီး
တစ်ခဏအတွင်း ချန်ရှရဲ့အဝတ်အစား​တွေကို
ဆိုဖာ​ပေါ်မှာ​မြင်လိုက်ရ၏။မ​နေ့ညက အိပ်ခါနီး
သူ့အဝတ်​တွေကို ဒီ​နေရာမှာ ထားခဲ့ခြင်းပင်။
Alphaဖြစ်သူမှာ rutကာလကို ကြုံ​တွေ့ခဲ့ရပြီး
လုံးဝပင်ပန်းနွမ်းနယ်​နေခဲ့ကာ  ချန်ရှသည်လည်း
ယာယီအမှတ်အသား​ပေးခံရပြီးနောက်
အားနည်း​နေ​ခဲ့​တာဖြစ်သည်။​နောက်ဆုံးမှာ​တော့
သူတို့တစ်​ယောက်ကိုတစ်​ယောက်​ပွေ့ဖက်ရင်း
အိပ်​ပျော်သွားခဲ့၏။ဒီဖုန်း​သံကြောင့်သာမဟုတ်ရင်
သူတို့​တွေ ​နေ့လယ်အထိ အိပ်​နေ​ရလောက်သည်။

ဖေး​ရှောက်ဇီက ချန်ရှအဝတ်​တွေသွားယူပြီး
ဖုန်းကို​ထုတ်​လိုက်​တော့ ခေါ်ဆိုသူအိုင်ဒီကို
မြင်လိုက်ရ​လေသည်။ထို့​နောက် ချန်ရှထံ
ဖုန်း​လှမ်းပေးလိုက်၏။"မင်းရဲ့အ​ဖေ​ခေါ်​နေတာ"

ချက်ချင်းဆိုသလို ချန်ရှခမျာ အိပ်ချင်စိတ်​​​တွေ
ကြက်​ပျောက်ငှက်​ပျောက်။သူ ဖုန်းကိုခပ်မြန်မြန်
လှမ်းယူပြီး 'လက်ခံသည်'ကိုဖိကာ တိုးတိုး​လေး
​ဖြေလိုက်၏။"ဟယ်လို..ပါး"

You've reached the end of published parts.

⏰ Last updated: 20 hours ago ⏰

Add this story to your Library to get notified about new parts!

​Accidental Mark {Myanmar Translation}Where stories live. Discover now