အပိုင်း(၂) - ယန်ရှယ်

4.9K 582 25
                                    

"ယန်ရှယ်တစ်နည်းအားဖြင့် ကျန်းနင်အများပြည်သူလုံခြုံရေးဌာနချုပ်လက်အောက်မှ မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ ဒုခေါင်းဆောင် သိဟ်ရာသီဖွားတစ်ယောက်။ memeများဖြင့် ဘုရားသခင်​၏ ကောင်းချီးပေးခြင်းခံခဲ့သော်လည်း ရဲ တပ်သားဖြစ်ခဲ့သူ "

.............................................................................

"ဒီရေခဲသေတ္တာလား? ဒီရေခဲသေတ္တာက မီးဖိုချောင်အတွက် ရေခဲအိတ်တွေ ထားတဲ့နေရာမှာသုံးတာပါ။ မန်နေဂျာက ရေခဲသွားယူခိုင်းလို့ ကျွန်တော် ရေခဲသေတ္တာတံခါးဖွင့်လိုက်တဲ့အချိန် ဒီလူငယ်လေးကရုတ်တရက်ပြုတ်ကျလာပြီး ကျွန်တော့ကိုသူ့ခေါင်းနဲ့အရင်လာတိုက်မိပါတယ်။ အရာရှိကြီး , ကျွန်တော် တကယ်ပဲ ဘာမှမသိရပါဘူးဗျာ။ အဲ့ဒီတုန်းကကျွန်တော့မှာ အကြောက်လွန်ပြီး ကျွန်တော့်တကိုယ်လုံး စိုရွှဲသွားတာပဲ။ ခင်ဗျားမယုံရင်ဒီမှာကြည့်! ကျွန်တော့ဂွကြားက အခုထိစိုနေတုံးပဲ"

ဌာနခွဲမှ ခြေရာခံအဖွဲ့များရောက်ရှိလာပြီးနောက် နေရာလပ်မကျန် ရှာဖွေကြကာ လက်ဗွေရာများ,ခြေရာများ နှင့် အခင်းဖြစ်သည့်နေရာရှိ အခြားသော သံသယဖြစ်ဖွယ် သက်သေအထောက်အထားများ စုဆောင်းရင်းဖြင့်အလုပ်ရှုပ်နေကြ​၏။ ယန်ရှယ်မှာ ဖိနပ်အစွတ်ဝတ်ထားရင်းဖြင့် စစ်ဆေးရေးအတားအဆီးတို့ကို ကျော်ဖြတ်ကာ အလောင်းဘေး၌ ငုတ်တုတ်ထိုင်ပြီးနောက် မေးငေါ့ပြလိုက်သည်။

ဌာနခွဲ​၏ မှုခင်းဆရာဝန်က "ဒုခေါင်းဆောင်" ဟု ရိုသေစွာ နှုတ်ဆက်လာ​၏။

"အခြေအနေဘယ်လိုလဲ"

"အလောင်းက postmortem hypostasisကြောင့် အနီရင့်ရောင်ပြောင်းနေပြီး ခါးအစပ်နားက အရည်ကြည်ဖုတန်းလေး ကိုကြည့်ရင် သေဆုံးသူက paradoxical undressingကို ခံစားခဲ့ရတာ ဖြစ်နိုင်ပါတယ်။ အခုလောလောဆယ် အသေအချာပြောနိုင်တာကတော့ သေဆုံးသူက hypothermia ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ် ဆိုတာပါပဲ။ သေဆုံးချိန်ကိုတော့ အတိအကျပြောဖို့ခက်ပါတယ်။ ဒါ့အပြင် သေဆုံးသူရဲ့ မျက်နှာမှာရှိသမျှ အပေါက်တွေကနေ သွေးတွေထွက်နေပါတယ်။ ဒီထက်ပိုသိရအောင် ကျွန်တော်တို့ ပြန်သွားပြီး အလောင်းခွဲစိတ်မှုလုပ်ရပါလိမ့်မယ်"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now