"နောက်ပိုင်း ငါကုန်ကျိုးကို ပြန်တဲ့အချိန် မင်းအဆင်ပြေရင် ငါ့ကိုလိုက်ပို့ပေးလို့ရမလား?"
-------------------------------------------------နောက်ဆုံးတွင် အမှုတွဲ (၅၀၂)လည်း ဆုံးခန်းတိုင်ခါနီးပြီ ဖြစ်ကာ စစ်ကြောရေးအလှည့် ရောက်လာပါတော့သည်။
ရုပ်သံဇာတ်လမ်းများတွင်မူ တရားခံဖမ်းမိသည်နှင့် မှုခင်းရဲတို့၏ တာဝန်များ အဆုံးသတ်သွားလေ့ရှိသော်လည်း လက်တွေ့တွင် ဤအချိန်ရောက်မှသာ စင်စစ် ခက်ခဲသော တိုက်ပွဲကြီးစတင်ခြင်းဖြစ်လေသည်။
စုံစမ်းစစ်ဆေးခြင်း၊ အပတ်တကုတ်ကြိုးစားအားထုတ်ခြင်း၊ ချော့တစ်ခါ ခြောက်တစ်လှည့် ၊ ဘက်ပေါင်းစုံမှ မျိုးစုံကြိုးခုန်စကေးများနှင့် မတူညီသောလမ်းစဉ် ခုနစ်ဆယ့်နှစ်သွယ်ကို အသုံးပြုကာ ရာဇဝတ်သားတို့၏ ဝန်ခံထွက်ဆိုချက်များအား အမှား အမှန် ခွဲခြားရခြင်းတို့အပြင် အတိအကျ တစ်လုံးချင်း ပိုက်စိပ်တိုက်ထောက်၍ တစ်ယောက်ပြီးတစ်ယောက် ထပ်ခါထပ်ခါမေးမြန်းပြီးမှ ဖမ်းဆီးသည့်အဆင့်သို့ ရောက်ရခြင်းဖြစ်လေသည်။
ထိုအတောအတွင်း ဘယ်နှကြိမ်လောက်တောင် မတိုးသာမဆုတ်သာ အခြေအနေတွေကြုံတွေ့ရလဲ၊ ဘယ်နှကြိမ်လောက်များ စစ်အေးတိုက်ပွဲဆင်နွှဲရလဲ စကားလုံးနှင့်ပင် ဖော်ပြ၍ မစွမ်းသာ။ တစ်ခုတည်းသော မျက်ဝါးထင်ထင် မြင်နိုင်သည့်အရာအဖြစ် မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာနကလူတွေ ဘယ်လောက်ထိ အချိန်ပိုဆင်းရပြီး ဒုခေါင်းဆောင်၏ ရုံးခန်းမှာ ဘယ်နှရက်ဆက်တိုက် ညလုံးပေါက် မီးလင်းနေလဲ ဆိုသည်ကိုသာ ကြည့်ပါလေ။
ရေချိုးခန်းထဲမှ ရေသံရပ်သွားလေပြီ။ ဟိုဟိုသည်သည် အသံများ ထွက်ပေါ်လာပြီးနောက် ခဏကြာသော် ဖြူကောင်ကဲ့သို့ အနက်ရောင်ဆံပင်ရေစက်လက်နှင့် ယန်ရှယ်တစ်ယောက် တံခါးဖွင့်လျက် ထွက်လာသည်။ ထို့နောက် သီချင်းလေးတညီးညီးနှင့် အဝတ်လဲခန်းထဲ ဝင်သွားပြီး ပြန်ပိတ်မရလောက်အောင် ပြည့်ကျပ်တစ်နေသော အံဆွဲထဲမှ အနက်ရောင် ရှပ်အင်္ကျီတစ်ထည်ဆွဲထုတ်ကာ ဝတ်တော့မည့်ဆဲဆဲ၌ ရပ်သွားပြန်သည်။
YOU ARE READING
《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)
ActionTitle : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning : Trauma,Suicide,Violence,Kidnapping,Drawning,Murder,Drug Abuse,Mature ဓားသွားချိုချိုလေး သို့မဟုတ် ဓာ...