"မင်းတို့ဘာဖြစ်လို့ရဲတပ်ဖွဲ့ထဲဝင်လာတာလဲ"
ဒုခေါင်းဆောင်ယန် : "စာညံ့လို့"
ခေါင်းဆောင်ကျန်း : "စာတော်လို့"
-----------------------------------------------"ဒုခေါင်းဆောင်ယန်!ဒုခေါင်းဆောင်ယန်! အစ်ကိုကောင်း သတင်းပို့လာတယ်။"
အလုပ်သင်ရဲမေတစ်ဦးခေါင်းငုံ့လျက် အလောတကြီးပြေးလာလေသည်။ ခေါ်သံမှာတစ်ဝက်တစ်ပျက်နှင့်ရပ်သွားပြီး နေရာတွင်ပါးစပ်ဟောင်းလောင်းလေးနှင့်ပြူးကြည့်နေ၏။
လမ်းဘေးအကာနှင့်ကားအကြား ကွယ်နေသောထောင့်တစ်နေရာတွင် ယန်ရှယ်က ကျန်းထင်ကိုကားတံခါး၌ဖိထားဆဲဖြစ်သည်။ နှစ်ယောက်လုံးတစ်ချိန်တည်းမှာပင် သူမဘက်လှည့်ကြည့်လာ၏။
စက္ကန့်အတော်ကြာသည့်တိုင် မျက်လုံးခြောက်လုံးမှာ နေရာမရွေ့ကြ။ ယန်ရှယ်က ချောင်းအသာဟန့်၍ နောက်ဆုတ်လိုက်သည်။ ထို့နောက်အင်္ကျီကိုဆွဲချ၍ မေးလိုက်လေသည်။
"ဘာလဲ?"
ကျန်းထင်က အစအဆုံးတစ်ခွန်းမှမပြောဘဲ ယန်ရှယ်၏ကိုယ်ပိုင်ကားထဲ လှစ်ခနဲဝင်ချသွားတော့သည်။ ခုနက ဘာဆိုဘာမှမဖြစ်ခဲ့လေဟန်။ ရဲမေလေးကတော့ စွန့်အနေဆဲ။ သူမ၏ဦးနှောက်ထဲတွင် ထုတ်ပြောရန်မသင့်တော်သည့်စကားလုံးများစွာနှင့်အတူ ဆင်ဆာလှိုင်းများဖြတ်ပြေးနေသည်။ ယန်ရှယ်က စိတ်မရှည်စွာ လှမ်းခေါ်လိုက်၏။
"ဟေး! မေးနေတယ်လေ!"
"အိုး!အမ်,အမ်!"
မိန်းမငယ်လေးက သတိအနေအထားနှင့် အာရုံစိုက်၍ပြောလာလေသည်။
"ဒုခေါင်းဆောင်ယန်ကို တင်ပြပါတယ်! စုံစမ်းစစ်ဆေးရေးအဖွဲ့က အစ်ကိုကောင်းဖုန်းဆက်လာပါတယ်။ ဟူဝေရှိန့်ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဓာတုဗေဒနဲ့ပက်သက်တဲ့ လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ ကျောင်းသုံးဖတ်စာအုပ်တွေအပြင် ကောက်လာတယ်လို့ယူဆရတဲ့ နောက်ဆုံးပေါ်အသစ်စက်စက်iPHONEတစ်လုံးနဲ့အတူ သေဆုံးသူရဲ့လွယ်အိတ်စတဲ့ အရေးကြီးတဲ့ သက်သေအထောက်အထားတွေ့တယ်လို့ပြောပါတယ်။"
ယန်ရှယ်ကမေးလိုက်၏။
"ဖုန်းကိုနည်းပညာအရာရှိတွေယူသွားပြီလား?"
YOU ARE READING
《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)
ActionTitle : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning : Trauma,Suicide,Violence,Kidnapping,Drawning,Murder,Drug Abuse,Mature ဓားသွားချိုချိုလေး သို့မဟုတ် ဓာ...