အပိုင်း(၁၄)-ပျစ်ချွဲချွဲအသားစပေါ် အလောင်းခွဲစိတ်ခြင်း

3K 541 65
                                    

"လျော့ရဲပျစ်ချွဲနေတဲ့အသားစတွေကိုစစ်ဆေးဖို့ ကုံလိအတွက်လည်းမလွယ်ကူခဲ့ပါ။"

-------------------------------------------------

ယန်ရှယ်က ဤတိုက်ခန်းကို အလွန်စုတ်ပြတ်သည်ဟုပြောခဲ့သည်မဟုတ်ပါလား။ သိုပေမဲ့ ဤတိုက်ခန်းသာစုတ်ပြတ်နေလျှင် အများပြည်သူဆိုင်ရာလုံခြုံရေးဌာနချုပ်ကတော့ မြေပေါ်မှာပုံထားသည့်ကောက်ရိုးပုံကြီးဖြစ်သွားပေလိမ့်မည်။

နံရံနှစ်ဖက်က ကျယ်ဝန်းလှသောဧည့်ခန်းကိုဦးတည်နေပြီး မျက်နှာကြက်နှင့်ကြမ်းပြင်အကြားဖန်တံခါးများကတော့ စိမ်းစိုနေသော လသာဆောင်နှင့်ဆက်သွယ်ထားလေသည်။  အခန်းတွင်းအပြင်အဆင်မှာ ခေတ်မီလှသည့်အပြင် အဖြူ၊အမည်း၊ မီးခိုးသုံးရောင်သာသုံးထားရာ မှိုင်းညို့ညို့နှင့် ယောက်ျားဆန်သောအငွေ့အသက်တို့လွှမ်းခြုံနေ​၏။ စကျင်ကျောက်နှင့်တည်ဆောက်ထားသည့်ကြမ်းပြင်နှင့် အသစ်စက်စက်ဇိမ်ခံပရိဘောဂပစ္စည်းတို့က အခန်းတွင်းဝင်လာသူမှန်သမျှကို အကျိုးဆောင်ကုမ္ပဏီတစ်ခုကစီစဉ်ပေးလိုက်သော ပြခန်းထဲဝင်လာသည်များလားဟု အထင်မှားစေနိုင်သည်။ အသက်တစ်မျှင်လေးတောင်မရှိပါသည့် ဤသက်မဲ့အလှတရားမှာ နေရာထိုင်ရခက်လောက်သည်အထိ တန်ဖိုးမြင့်ကြောင်းသိသာလှပေသည်။

လေထုမှာတိတ်ဆိတ်လွန်း၍ ခဲလုမတတ်ပင်။

" 'ခေါင်းဆောင်ကျန်း' လို့ခေါ်တယ်ဆိုတော့ ငါ့ဆီကဘာများကြားချင်လို့လဲ?"

ကျန်းထင်က တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်​၏။

"ငါ့ကိုပြောလေ၊ ဒါမှငါပြောပြလို့ရမှာပေါ့။"

ယန်ရှယ်က ဟက်ခနဲရယ်လိုက်လေသည်။ ထိုင်ခုံနောက်ကိုမှီ၍ သူ့အားပြောင်ပြောင်တင်းတင်းကြည့်လာ၏။

"အထင်မလွဲပါနဲ့။ ငါအတိတ်က အရှုပ်ထုတ်တွေကိုပြန်ဖြည်ဖို့စိတ်မဝင်စားဘူး။ မင်းက 'ဂုဏ်သရေရှိလှတဲ့ ခေါင်းဆောင်ကျန်း' ပဲဖြစ်ဖြစ် 'လုချိန်ကျန်း' ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ရေနှစ်နေတဲ့လူကို ခဲနဲ့ပေါက်ပြီး ပျော်ပျော်ကြီးထိုင်ကြည့်ရလောက်တဲ့အထိလည်း ငါသဘောထားမသေးသိမ်ပါဘူး။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Où les histoires vivent. Découvrez maintenant