အပိုင်း(၁၆)-သေစရာလိုမှာမဟုတ်ဘူး

2.4K 488 48
                                    

"မင်းတို့ရဲတွေသာစောစောရောက်မလာခဲ့ရင် မင်းလည်းသေရမှာမဟုတ်ဘူး။"

-------------------------------------------------

အမဲဆီသုတ်ထားသော သစ်သားဘောင်ကြားတွင် နှစ်ပေါင်းများစွာ စုပုံနေသော ဆေးလိပ်တို၊မီးစပြာတို့ပြည့်နေ​၏။ အလိပ်လိပ်တက်နေသော အညစ်အကြေးတို့ကြောင့် အနားသတ်တို့မှာမပေါ်လွင်တော့ချေ။

__ခြေရာ

ယန်ရှယ်က အပြင်ကိုကြည့်လိုက်သည်။ အတန်ကြာစစ်ဆေးပြီးနောက်တွင် ဤရှည်မျောမျောအဆောက်အအုံကြီး​၏ဘေးနံရံ၌ အရေးပေါ်လှေကားရှိနေသည်ကိုသတိထားမိလိုက်​၏။

ထို့နောက်သူကကျန်းထင်ဘေးသို့လျှောက်သွား၍ သူဖုန်းပြောနေတုန်းခဏစောင့်ပေးရန် ပြောလိုက်လေသည်။

"ဟေး၊လောင်ချင်....."

"မင်းအခုဘယ်မှာလဲ?"

တစ်ဖက်မှ စူးရှရှအသံတို့ကြားနေရသဖြင့် သေချာပါသည်၊ ချင်ချွမ်းကားမောင်းနေခြင်းဖြစ်ပေမည်။

"ငါတို့အခုပဲ ဖန့်ကျိန့်ယွမ်ရဲ့အိမ်ကို စစ်ဆေးခဲ့တာ။ ရုံးချုပ်ကိုရောက်မှ အသေးစိတ်ပြောပြတော့မယ်။ ဒါနဲ့ ဖုံးကွယ်ထားတဲ့လျို့ဝှက်စခန်းက မြောက်ပိုင်းဒေသက 'ရီဟုန်' လဟာပြင်ရေချိုးကန်ကြီးနားမှာနော်။ မင်းမသွားဘူးလို့ကြားတယ်။"

"ငါမာရှန့်ကို တပ်သားတွေခေါ်ပြီး သွားကြည့်ဖို့ပြောထားတယ်။ဘာလို့လဲ?"

"အာ"

တစ်ဖက်မှ ချင်ချွမ်း​၏ရယ်သံလွင်လွင် ပျံ့လွင့်လာ​၏။

"အဲ့ဒီမှာ *'ယူအီ ဟတနို" အယောက်တစ်ရာလောက်ရှိတယ်နော်။ နောက်မှ နောင်တရလှပါချည်ရဲ့ဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့။"

(T/N-*She's a Japanese porn star)

"အဲ့လိုနေရာမျိုးမှာဘယ်လိုလုပ်......."

ယန်ရှယ်က ဆက်ပြောမည်အပြု မျက်လုံးထောင့်မှ ကျန်းထင်ကိုမြင်လိုက်ရသဖြင့် သူ​၏လေးစားဖွယ်ပုံရိပ်ကို ထိန်းသိမ်းကာကွယ်ရန် သတိရသွားတော့သည်။သို့ဖြစ်ရာ သူက ရုတ်တရက်စကားလမ်းကြောင်းလွှဲလိုက်လေသည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now