အပိုင်း(၂၄)-အမှုလိုက်ရာ၌ ခေါင်းဆောင်ကျန်း​၏ တည်ငြိမ်မှု

2.5K 478 60
                                    

"ခေါင်းဆောင်ကျန်း....ဒီပုဂ္ဂိုလ်က ဘယ်အမှုမဆို ဘက်မလိုက်ဘဲ တည်တည်ငြိမ်ငြိမ်ဖြေရှင်းလေ့ရှိတယ်။"
-------------------------------------------------

ကျန်းနင်မြို့ ၊ ဓာတုစက်ရုံတစ်ခု​၏ နည်းပညာထိန်းချုပ်ခန်းတွင်ဖြစ်သည်။

နံနက်နှစ်နာရီအချိန်

ပြတင်းတံခါးပြင်ပတွင် အနန္တအမှောင်ထုကို နောက်ခံပြုလျက် ချုံနွယ်ပိတ်ပေါင်းကြားမှ ပိုးမွှားလေးများ​၏ ကြီကြီကြာကြာ အော်မြည်သံလည်း ပျံ့လွင့်လျက်ရှိပေသည်။

စောင့်ကြည့်ဖန်သားပြင်များစွာရှေ့တွင် ဝန်ထမ်းတစ်ဦးထိုင်နေပြီး ဦးခေါင်းကိုငိုက်စိုက်လျက် ဘယ်ယိမ်းညာယိမ်းနှင့် ငိုက်မျဉ်းနေချေသည်။ အိပ်စက်ခြင်းအတိသို့ရောက်ရှိသွားချိန်မှာပင် သူ့ခေါင်းတည့်တည့်ရှိ မီးသီးမှ အသံတစ်ချို့ထွက်လာသည်။ ကြိမ်ဖန်အနည်းငယ်မျှ မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီးနောက် အမှောင်ကျသွားလေတော့သည်။

"အမ်?"

အနှီဝန်ထမ်းလည်းနိုးလာ​၏။ မျက်လုံးဖွင့်လိုက်ချိန်တွင် အမှောင်ထုကကြီးစိုးနေသည်ကို မြင်လိုက်ရသောအခါ မတ်တတ်ရပ်၍ ဘေးဘီဝဲယာကို သူးစမ်းလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ?"

ထိုအချိန်မှာပင် အဖြူရောင် အရိပ်တစ်ခု မျက်လုံးရှေ့မှ ဖြတ်သွားပြီး ဝိဉာဉ်တစ်ကောင်အလား အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြန်သည်။

"........."

ဝန်ထမ်းငယ်သည် အထက်တန်းအောင်စသာရှိသေးသဖြင့် ပုံမှန်အချိန်တွင် ဆံပင်စုတ်ဖွားနှင့် ကြောက်ရွံ့တတ်သောကလေးတစ်ဦးပင်ဖြစ်လေရာ ဤအခြေအနေ၌ ကြက်သေသေနေ​ရှာ၏။ တစ်ကိုယ်လုံးမှ အာရုံကြောများထောင်တက်လာပြီး ချွေးအေးများတစ်ပေါက်ပေါက် ကျလာရသည်။

"ဘယ်သူလဲ........"

တိတ်တဆိတ်ပင် အေးစက်စက်လက်တစ်စုံဟာ ဂုတ်ပိုးကိုဆုတ်ကိုင်လာ​၏။

"အားအားအား!!!!!!သရဲ!!!!!!!!"

အနှီလက်အေးကြီးက ကျင်လည်စွာပင် သူ့ကိုရိုက်ချလိုက်သည်။ ဝန်ထမ်းငယ်​၏ အော်သံစူစူးမှာလည်း တိခနဲရပ်သွားလေကာ မြေပေါ်သို့အပုံသားကျသွားလေတော့သည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now