အပိုင်း(၁၀)-ဒီနေ့ဘာလို့အရမ်းတက်ကြွနေတာလဲ?

2.5K 513 24
                                    

"မင်းဒီနေ့ဘာလို့ အရမ်းတက်ကြွနေတာပါလိမ့်လို့တွေးနေတာ၊ လက်စသတ်တော့ ယန်မိန့်ဒီမှာမရှိလို့ကို" ယန်ရှယ်က ရယ်သံသဲ့သဲ့နှင့်ပြောလိုက်လေသည်။
-----------------------------------------------

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ လိုင်းမအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှပြန်လည်ခေါ်ဆိုပါရှင်...."

လမ်းတစ်ကြောလုံး ယာဉ်ကြောပိတ်ဆို့နေ​၏။ ယန်မိန့်​၏ မျက်ခုံးလှလှတို့မှာ စုစည်းလို့သွားပြီး ကားတံခါးဘေးတွင်ရပ်ကာ နောက်တစ်ကြိမ်ခေါ်ဆိုရန် ကြိုးစားလိုက်သည်။

အချိန်တစ်ခုကုန်လွန်သွားပြီးနောက် တစ်ဖက်မှ အလုပ်ရှုပ်နေသည့် လေသံဖြင့် ထူးလာသည်။

"ဟယ်လို"

"အစ်ကိုကျန်း ပြီးပြီလား? ကျွန်မအခုပဲ အလုပ်ပြီးလို့ ဆေးရုံကိုလာကြိုတော့မလို့။"

"ငါအလိုက်ခံနေရတယ်။"

"ရှင်!!!"

​ကြားလိုက်ရသည့်စကားကြောင့်ထိတ်လန့်သွားရပါ​၏။ အလျင်အမြန်ပင် ယန်မိန့်က ခပ်တိုးတိုးပြောလိုက်သည်။

"ဘယ်သူတွေလဲ?ကုံကျိုးက လူတွေလား? ဒါမှမဟုတ်...."

ကျန်းထင်ဖက်မှ ကောင်းကောင်းပြန်မဖြေနိုင်တော့ပါချေ။ ယန်မိန့်​၏ နှလုံးသားတစ်ခုလုံး အေးခဲသွားသည့်နှယ်။

ကုံကျိုးကလွှတ်လိုက်တဲ့လူတွေဆိုရင် အဆိုးဆုံးမှ သူ့အသတ်ကို ယူသွားရုံပဲ။

ဒါပေမဲ့ တခြားအဖွဲ့ကဆိုရင်တော့ စိတ်ကူးနဲ့ပုံဖော်လို့မရနိုင်လောက်အောင်အထိ အဆိုးရွားဆုံးသော ကိစ္စတစ်ခုကို ဖန်တီးလိမ့်မယ်။

"အခုပြောဖို့ခက်တယ်"

ကျန်းထင်​၏ အသံ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူအခု ခြေလှမ်းကျဲကြီးများနှင့် သုတ်ချေတင်ချေပြေးနေမည်ကို ယန်မိန့်ခံစားလို့ရနေသည်။

"ဒီကောင်က ဆေးရုံကိုလာပြီး ငါ့အကြောင်းမေးခဲ့သေးတဲ့အပြင် သဲလွန်စတစ်ခုတောင်ချန်သွားသေးတယ်။ သူ့လုပ်ပုံကိုင်ပုံက လျော့ရဲလွန်းတယ်။ အဲ့ဒီဖက်က လွှတ်လိုက်တဲ့လူ မဖြစ်နိုင်ဘူး။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now