အပိုင်း(၁၅)-မင်းကအရမ်းနုတာပဲ

2.9K 534 48
                                    

အချိန်အနည်းငယ်ကြာပြီးနောက် ယန်ရှယ်က ကျန်းထင်ဘက်လှည့်၍မေးလိုက်လေသည်။

"မင်းကိုကြည့်ရတာ မူးယစ်ဆေးဝါးရဲ့အရှုပ်အရှင်းတွေအကြောင်းတော်တော်နှံ့စပ်ပုံပဲ။"

-------------------------------------------------
ပြောင်လက်တောက်ပနေသောဦးခေါင်းပိုင်ရှင် သက်လက်ပိုင်းနည်းပညာအရာရှိခေါင်းဆောင် ဟွမ်ရှင်းမှာ သဲကြီးမဲကြီးလျှောက်လို့လာသည်။ ထို့နောက် ဦးတည်ချက်မရှိဘဲ စက်သေနတ်နှင့်ပစ်သကဲ့သို့ ဒေါသတကြီးပြောလေ၏။

"ငါတို့မနေ့ည ဆယ့်တစ်နာရီအထိအချက်အလက်တွေပြန်ဖော်ရတယ်၊ မနက်ရောက်တော့လည်း အစောကြီးလေးနာရီမှာအလုပ်လာရတယ်__ မြန်မြန်လက်စသတ်ကြပါတော့၊ အိမ်ပြန်ပြီး ညနေကျရင် ငါ့ကလေးရဲ့ မိဘဆရာစုံညီပွဲတက်ရဦးမှာ သိရဲ့လား?! ငါ့မှာအမြဲတမ်း အတန်းပိုင်ဆရာမရဲ့အပြောအဆိုခံနေရာတာ။အဲ့ဒီကောင်သာ ဒီတစ်ခါကျဦးမယ်ဆိုရင် မနက်ဖြန်ကစပြီး ငါ့ကိုမင်းတို့တွေ့ရတော့မှာမဟုတ်ဘူး။ ငါကိုယ်တိုင်သူ့ကိုနုတ်နုတ်စင်းပြီးထောင်ထဲဝင်ပစ်မယ်။"

ယန်ရှယ်ကသူ့ကို နှစ်သိမ့်လိုက်သည်။

"အရမ်းကြီးစိတ်ပူမနေပါနဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် အနာဂါတ်မှာသူရဲတပ်ဖွဲ့ထဲဝင်လို့ရတာပဲ။"

ဟွမ်ရှင်းက ယန်ရှယ်ကိုစိုက်ကြည့်ပြီး မသိစိတ်​၏စေ့ဆော်မှုအရ လွှတ်ခနဲပြောထွက်သွား၏။

"မဖြစ်ဘူး။"

".........."

"ဆိုတော့ ငါတို့ပြောတာဘယ်ရောက်ပြီလဲ?"

ဟွမ်ရှင်းက ချောင်းဟန့်၍ ခုနကဘာမှမပြောခဲ့သည့်နှယ် အလျင်အမြန်စကားလမ်းကြောင်းလွှဲလိုက်လေသည်။

"ဟုတ်သားပဲ။ အချက်အလက်တွေပြန်ဖော်တာ။"

"..........."

"ငါတို့ ဖုန်းယွီကွမ်းရဲ့ gallery ထဲက ဓာတ်ပုံတွေ၊ contact listsတွေ၊ နဲ့ နောက်ဆုံးဆက်သွယ်ခဲ့တဲ့လူတွေအပြင် Wechat အကောင့်ကိုပါပြန်ဆယ်ခဲ့တယ်။ ဒါပေမဲ့ Wechat ထဲမှာ ပြောထားတဲ့ဟာတွေတော့တစ်ခုမှမရှိတော့ဘူး။ ဒီမှာကြည့် ဒါသူနောက်ဆုံးအဆက်အသွယ်လုပ်ခဲ့တဲ့လူတွေ။ သေဆုံးသူ နောက်ဆုံးလက်ခံပြောဆိုခဲ့တဲ့ဖုန်းနံပါတ်က အမည်လွှဲတစ်ခုနဲ့ မှတ်ပုံတင်ထားတဲ့နံပါတ်ဖြစ်နေတယ်။ အဲ့ဒါကြောင့် တစ်ဖက်လူရဲ့ တည်နေရာနဲ့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဘယ်လိုမှခြေရာခံလို့မရဘူး။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Onde histórias criam vida. Descubra agora