အပိုင်း(၅၂)-နလန်ထူခါစ

2.2K 408 13
                                    

ပြန်ပေးသမားရဲ့ဒီလို အတွင်းစိတ်ဖော်ပြချက်တွေအရ သူဟာ တခြားသော ပြန်ပေးဆွဲမှုတွေကိုလဲ ကြူးလွန်ခဲ့ဖူးတယ်လို့ ရဲတွေကို သဲလွန်စပေးနေတာပဲ။
———————————————————————————-
စုံစမ်းစစ်ဆေးခြင်းအတွက် နှစ်ဆယ့်ကိုးနာရီသာ ကျန်ရှိတော့သော အချိန်၊ ဓားစာခံ​၏ အသက်သည် အချိန်နှင့်အမျှ တိုတောင်းလာသော ဤအချိန်တွင် မြို့တော်ရုံးချုပ်​၏ စုံစမ်းစစ်ဆေးရေး လမ်းစဉ်တစ်ခုလုံး လှုပ်ခပ်ခံလိုက်ရပေပြီ။

ယန်ရှယ်တစ်ယောက် စကားမဆိုတော့ဘဲ ငြိမ်သက်စွာပင် တွေးတောနေလျက် ကွန်ပျူတာရှေ့မှ ဖြည်းဖြည်းချင်းထလိုက်​၏။

ထို့အတူ ကျန်းထင်လည်း လိုက်ထလာကာ သူတို့နှစ်ဦးလုံး ဆေးလိပ်တစ်ဝက်ခန့်မျှ ကုန်လွန်လောက်သည့်အချိန်အတိုင်းအတာအထိ တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေမိကြပြီးမှ ယန်ရှယ်ထံမှ အသံထွက်လာသည်။

"ပြောလေ၊ ငါနားထောင်ကြည့်မယ်။"

ကျန်းထင်က ယန်ရှယ်ကို HDMI နားကြပ်တစ်ခုပေးလိုက်ပြီး သူကိုယ်တိုင်လည်း တစ်ခုတပ်လိုက်​၏။ ထို့နောက် ဖုန်းခေါ်ဆိုမှု recordingကို အစမှ နောက်တစ်ခေါက်ပြန်ဖွင့်လိုက်သည်။

"သန်းနှစ်ရာ၊ ပြင်ဆင်တာ ဘယ်အဆင့်ရောက်ပြီလဲ?"

ကျန်းထင်က ခဏရပ်လိုက်သည်။

"ဒီစကားကို ပြန်ပေးသမားက ရှိန်းရှောင်ချီရဲ့ အဖေနဲ့ ညှိနေတုန်း တစ်ကြိမ်ထက်မနည်းပြောခဲ့တယ်။ ငါမှတ်မိသလောက်ဆို အခေါက်တိုင်းမှာ အသံက အသံလုံးကြီးတယ်၊ နိမ့်တယ်၊ တစ်သမတ်တည်းပဲ။ 'လော်' (了) ဆိုတဲ့စကားလုံးကို အမေးဝါကျရဲ့ နောက်ဆုံးမှာ သုံးလိုက်ပေမဲ့ အသံကမမြှင့်သွားဘူး။ ပြောရရင် ခံစားချက်မပါတဲ့ စက်အသံပဲ။"

ယန်ရှယ် ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ မင်းနဲ့လဲပြောရော ပြန်ပေးသမားဖက်က အသံပြောင်းသွားတယ်။"

ကျန်းထင်က recordingကို ပြန်ဖွင့်လိုက်ရာ "ဟား" ဆိုသည့်အသံက နားကြပ်ဆီမှ ကြည်လင်စွာ ထွက်ပေါ်လာသည်။ ထို့နောက်

"ငါဒီမှာလေ၊ လာဖမ်းလေလာ။ ငါမင်းကို စောင့်နေမယ်။"

"မင်းကြားလိုက်လား?"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now