အပိုင်း(၃၉)-ငါအသက်ရှင်မှဖြစ်မယ်

1.9K 407 14
                                    

ယန်ရှယ်သည် ခက်ထန်ပြတ်သားစွာ ပြုံး​၏၊ ယင်းအမူအရာကိုချိတ်ဆွဲလျက်ပင် လက်ကိုမြှောက်လျက် လက်ညှိုးကို ကွေးလိုက်လေသည်။
-------------------------------------------------

ဟန်ရှောင်မိန်​သည် မျက်ဝန်းတို့ ပြူးကျယ်လျက် စိတ်အစဉ်မှာ ဗလာနတ္ထိဖြစ်သွားလေ​၏။ သို့ရာတွင် အံ့ဩဖွယ်ကောင်းစွာ သေခြင်းတရားကား ရောက်မလာခဲ့။

ဒက်၊ဒက်၊ဒက်၊ဒက်

အားကျယ်က သေနတ်ခလုတ်ကို ဟာသတစ်ခုနှယ် တဒက်ဒက်နှိပ်၍ သေနတ်အခွံကြီးကို လွှင့်ပစ်လိုက်ချေသည်။

"ကောင်မစုတ်လေး၊ နောက်တစ်ခါ အားနည်းချက်ကို ဖုံးချင်ရင် အနည်းဆုံးတော့ ပိပိရိရိလုပ်စမ်းပါ။ မင်းမှာသာ ကျည်ရှိရင် ဘာကိစ္စ လက်ဗလာနဲ့ ပြတင်းပေါက်ကိုခွဲပြီး ထွက်လာပါ့မလဲ?"

"___မလှုပ်နဲ့!"

သူ အသံကို ရုတ်တရက် မြှင့်လိုက်သည်။ ကျောနောက်မှ ကျန်းထင်သည် ဓားမြှောင်ကောက်နေရာမှ တုံ့သွားလေ​၏။

"မင်းနဲ့ငါ လှုပ်လိုက်တာနဲ့ ဒီကောင်မလေးလှုပ်နိုင်မှာမဟုတ်တော့ဘူး။"

အားကျယ်က နောက်မလှည့်ဘဲ ပြောသည်။

"စီစဉ်ထားတဲ့ထဲမပါပေမဲ့ ရဲတစ်ယောက်ကိုထပ်သတ်ရမယ်ဆိုလည်း ကိစ္စတော့မရှိပါဘူး။"

ညရောင်အောက်မှ လူခြေတိတ်သော အဝေးပြေးလမ်းမကြီးသည် အဆုံးမရှိရှည်လျား၍ မျက်စိတစ်ဆုံးတွင် လှုပ်လီလှုပ်လဲ့ ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ကန့်သတ်ထားပေသည်။ ဟိုးအဝေးဆုံးတွင်မူ မင်ရည်မှောက်သော အမှောင်ထုနှင့် တိတ်ဆိတ်ခြင်းတို့အစိုးရကုန်​၏။

ကျန်းထင် ဖြည်းဖြည်းချင်း ထလိုက်သည်။

သူ​၏ အရိုးတစ်ချောင်းစီတိုင်း၊ ကလီစာအစိတ်အပိုင်းတစ်နေဆီတိုင်းမှ နာကျင်မှုကြောင့် စူးရှစွာ အော်ဟစ်နေကြသလို။ သေးငယ်လှသော လှုပ်ရှားမှုလေးသည်ပင် အရိုးအဆစ်များကြား အသည်းခိုက်အောင် အေးလှပါသည့် ရေအေးအေးကြီးတစ်ခွက် လောင်းချလိုက်သကဲ့သို့ ကြီးစွာသောဒဏ်ကိုခံစားရစေသည်။ သို့သော် ကိုယ်ဟန်အနေအထားကား အလွန်တရာ တည့်မတ်နေလျက် ဇက်ပိုးမှသည် ပုခုံးပြင်၊ လိပ်ပြာရိုးမှသည် ကျောပြင်၊ ရှည်လျားသွယ်လျသော ခြေတံရှည်များမှသည် ခြေဖဝါးရောက်သည်အထိ သေသပ်လှစွာ ပေါ့ပါးသွက်လက်သောအသွင်ကို ဆောင်နေပေ​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now