အပိုင်း(၆၉)- မင်းနှမကြီးကို သဝန်တိုနေလိုက်!

2.8K 287 47
                                    

မင်းနှမကိုပဲ သဝန်တို!
----------------------------------------------

လူနာဆောင်တွင် ဖြစ်သည်။

ဟန်ရှောင်မိန်သည် ကတုန်ကယင်နှင့် ကိုယ့်လက်ကိုယ်ကုတ်ဖဲ့ရင်း မတတ်သာဘဲ ကျိုးနွံစွာဖြင့် ခေါင်းကိုငိုက်စိုက်လျက် သူနာပြု​၏ ဩဝါဒများကို သောတဆင်နေရရှာသည်။ ယန်ရှယ်က ကိုယ်ကိုကိုင်း၍ မိမိလည်ပင်းကိုတွဲခိုထားသော တရှုံ့ရှုံ့ဖြစ်နေသည့် ပုဝေးကို လူနာကုတင်ပေါ် ချပေးလိုက်လေသည်။

ထိုအခါ သူမ​၏ အရည်တလဲ့လဲ့တောက်ပနေသော ဇာမဏီမျက်ဝန်းတို့မှာ ပင့်မော့လာပြီး မျက်ရည်ကြောင့် ဝေဝါးနေသော အမြင်အာရုံတို့ ပြန်လည်ကြည်လင်လာချိန်တွင် လူနာဆောင်တံခါးဝ၌ ရပ်နေသော ကျန်းထင်နှင့် တဒင်္ဂမျှ အကြည့်ချင်းဆုံသွားလေသည်။

---မျက်လုံးချင်းဆုံသွားသော အနှီတခဏမှာ  အလင်း​၏အလျင်ထက်ပင် မြန်ဆန်ပါသေးသည်။

ထိုစဉ် ယန်ရှယ်က တံခါးဝကိုကျောပေးလျက် သူမရှေ့တွင် ကွယ်ရပ်ပြီး ဟန်ရှောင်မိန်ကို လက်ပြပြီး ပြောလိုက်​၏။

"ငါအခု ရှိန်းရှောင်ချီရဲ့ အဖေနဲ့အမေကို သွားပြောလိုက်မယ်။ မင်းဒီမှာ ခဏ လူနာစောင့်နေခဲ့!"

"အော၊ ဟုတ်ကဲ့"

ထို့နောက် ယန်ရှယ်က နောက်လှည့်ကာ ဒေါသထွက်၍တဆတ်ဆတ်တုန်နေသော သူနာပြုကို အရေးပင်မလုပ်ဘဲ စက္ကန့်မဆိုင်း လူနာဆောင်အပြင် ထွက်သွားကာ စင်္ကြ့လမ်းပေါ် ခြေလှမ်းကျယ်ကြီးများနှင့် မပြေးရုံတမည်လျှောက်သွားလျက် ကျန်းထင်​၏လက်ကို အမိအရဖမ်းဆွဲလိုက်​၏။

"ခဏ!"

"ယို့၊ ဘယ်သူများလဲလို့ ဒုခေါင်းဆောင်ယန်ပါလား။"

ကျန်းထင်ပင် ဘာမှမပြောရသေးခင် ယန်မိန့်​၏ အသံအက်အက်က ဦးအောင် ထွက်လာသည်။

"ကျွန်မတို့မှာ 'ပုံမှန်ဆိုမရောက်ဖြစ်တာကို' ဒီနေ့မှ ကိစ္စရှိလို့ ဆေးရုံကို လာတာတောင် 'တိုက်တိုက်ဆိုင်ဆိုင်ပဲ' ဒုခေါင်းဆောင်ယန် နစ်နာသူတွေကို ဒီလိုမျိုး ရင်အုပ်မကွာ ကြည့်ရှုစောင့်ရှောက်တာကို မြင်လိုက်ရတာဆိုတော့ ကြည့်ရတာ ရှင်တော်တော်လေးကို အလုပ်ရှုပ်နေပုံပဲနော်။ ဒီလိုဆိုမှတော့ ကျွန်မတို့ 'အပြင်လူ'တွေက ရှင် နစ်နာသူတွေနဲ့  ဥပဒေကြောင်းအရ ပြောဆိုဆက်ဆံနေတာကို မနှောင့်ယှက်တော့ပါဘူး။"

You've reached the end of published parts.

⏰ Last updated: Jul 30, 2023 ⏰

Add this story to your Library to get notified about new parts!

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now