မြို့တော်ရုံးချုပ်ရှိရဲဘော်ရဲဘက်တို့၏ရှေ့တွင် ဒုခေါင်းဆောင်ယန်တစ်ယောက် ခြေကားယားလက်ကားယား ဇောက်ထိုးပြုတ်ကျသွားလေသည်။
............................................................................ကျန်းထင်က တိုးညင်းစွာမေး၏။
"မင်းလူတွေလား?"
ယန်ရှယ် : "မဟုတ်ဘူး။ ငါ့လူတွေရဲ့အသံမဟုတ်ဘူး။"
ဘန်း!
ရုတ်တရက်ဆန်သော အခြေအနေတစ်ရပ်လုံးကြောင့် အံ့အားသင့်နေမိကြသည်။ တစ်စုံတစ်ယောက်ကတော့ တံခါးကိုအားကုန်သုံးလျက် တိုက်ဖွင့်နေလေပြီ။ မျက်နှာကြပ်မှ ဘိလပ်မြေမှုန့်များပင် ကျလာ၏။
"မင်းအရင်သွားနှင့်!"
ယန်ရှယ်က ပြတင်းပေါက်မှန်ကို ဆောင့်ဆွဲကာ ဖယ်ရင်းပြောလိုက်သည်။
"မြန်မြန်! ငါသူတို့ကိုအချိန်ဆွဲထားမယ်။"
ကျန်းထင်မှာ ပြတင်းပေါက်ပေါ် မတက်နိုင်ဘဲ ရှိနေသဖြင့် ယန်ရှယ်က ပင့်တင်ပေးလိုက်ရသည်။ ထိုအချိန်တွင် သူတို့နောက်တံခါးမှ......
ဘန်း!
ကျယ်လောင်လှသော အသံကြီးဖြင့် အိမ်သာတံခါးမှာ ရဲအရာရှိတစ်ဦး၏ ကန်ဖွင့်ခြင်းကို ခံလိုက်ရရှာသည်!
"မလှုပ်နဲ့! ငါတို့တရားမဝင် လိင်မှုရေးရာ ကိစ္စတွေကို စစ်ဆေးဖို့လာတာ။"
"လက်မြှောက်ထား!"
"ဘာလုပ်တာလဲ?! ဘာလုပ်တာလဲလို့?!"
ယန်ရှယ်ကလည်းပြန်ပက်သည်။
"အောင်မာ မင်းတို့က ဘယ်ကရဲတွေမလို့လဲ?! ဘယ်မှာလဲ ယူနီဖောင်း?! ဘယ်မှာလဲ တံဆိပ်?! မင်းတို့ကိုမင်းတို့ ရဲတွေလို့ပြောရုံနဲ့ ငါတို့ကယုံရမှာလား?! ငါ ၁ -၁ -၀ ကိုခေါ်......."
(T/N- 110 ကတရုတ်က ရဲစခန်းတွေရဲ့ emergency ဖုန်းနံပါတ်ပါ)
စကားမဆုံးခင်ပင် ရဲတစ်ယောက်ကသူ့ကို နံပါတ်တုတ်နှင့် ဝင်တား၏။ ထို့နောက် သူနှင့်ပါလာသော ရဲတို့အား အော်ပြောလိုက်လေသည်။
"အဖွဲ့ခေါင်းဆောင်၊ ဒီကိုတပ်ကူလွှတ်ပေးပါဦး။ တစ်ယောက်ယောက် ပြတင်းပေါက်ကနေ ထွက်ပြေးသွားတယ်!"
YOU ARE READING
《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)
ActionTitle : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning : Trauma,Suicide,Violence,Kidnapping,Drawning,Murder,Drug Abuse,Mature ဓားသွားချိုချိုလေး သို့မဟုတ် ဓာ...