အပိုင်း(၅၇)- ငါတစ်ချိန်လုံး သိနေခဲ့တယ်

2K 453 81
                                    

"'ငါသိတယ်။' ကျန်းထင်က အက်ရှစွာဖြင့်_ _ 'ငါတစ်ချိန်လုံး သိနေခဲ့တာ။' "

---------------------------------------------

ထို့နေ့ နေ့လည် သုံးနာရီခွဲ။

"စိန်ပန်းပင်တွေ ဟင်းလင်းပြင်တစ်ခုကို ဝန်းရံပြီး အစုလိုက်ပေါက်တယ်ဆိုတာ တွေ့ရခဲတယ်။ လီယွီရှင်းရဲ့အပြောအရ ထျန်းဇုန့်တောင်​ရဲ့ နေရောင်ကောင်းကောင်းရတဲ့ကုန်းမြင့်တစ်နေရာမှာဖြစ်လိမ့်မယ်။ ဝေဟင်ဓာတ်ပုံတွေနဲ့ ဂြိုလ်တုမြေပုံထွက်လာပြီးမှ အသေးစိတ်တည်နေရာလိုက်လို့ရမှာပဲ။.......ဟုတ်သား။ ငါ လီယွီရှင်းကို ခေါ်ထုတ်လာသေးတယ်။အဲ့ဒါက စည်းမျဉ်းစည်းကမ်းနဲ့ သိပ်မကိုက်တာမလို့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် စီရင်စုရုံးကိုပဲ အပြီးသတ်ခွင့်ပြုချက်ချပေးဖို့ အကူအညီတောင်းပေးဦး။.........ဟုတ်ပြီ၊ ဟုတ်ပြီ။ ငါတို့ နေ့လည်ငါးနာရီလောက်ကျရင် ကျန်းနင်ကိုရောက်တာနဲ့ချက်ချင်း အခင်းဖြစ်တဲ့နေရာကို တန်းသွားလိုက်မယ်။ ခြောက်နာရီ၊ ခုနစ်နာရီလောက်ဆို ထျန်းဇုန့်တောင်ပေါ် တက်လို့ရပြီ။ နောက်ဆုံးအချိန်အထိ ရှာဖွေကယ်ဆယ်ရေးကို လက်မလျှော့ကြနဲ့!"

Grand Cherokee ကြီးသည် ဆင်ခြေဖုံးအရပ်​၏ မြစ်ကမ်းဘေး လမ်းမကြီးပေါ်၌ တစ်ဟုန်ထိုးရွေ့လျားနေ​၏။ သူတို့နှင့်ပါလာသည့် မှုခင်းတပ်သား ကျန်းကွမ်းယောက်မှာ ရှေ့ခန်း၌ ကားမောင်းနေကာ ဘေးခုံတွင် မာရှန်ထိုင်နေ​၏။ အနောက်ခန်းတွင် ယန်ရှယ်နှင့် ကျန်းထင်က ဘယ်တစ်ဖက်၊ ညာတစ်ဖက်ထိုင်နေပြီး သူတို့ကြား၌ လီယွီရှင်းကို လက်ထိပ်ခတ်ပြီး တင်လာကြသည်။

လုပ်ထုံးလုပ်နည်းအရဆိုလျှင် အကျဉ်းသားကိုရွှေ့ပြောင်းချိန်တွင် အကျဉ်းသားအပါအဝင် တာဝန်ရှိသူအားလုံး အစဉ်တစိုက် နိုးကြားနေရမည်ဖြစ်သည်။ ကံကောင်းထောက်မလို့ ကားတွင်း၌ ဖုန်းသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာ၍သာ အားလုံး လန့်နိုးလာကြ​ပြီး ပန်ဒါမျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာကြသည်။

"ဝေဟင်ဓာတ်ပုံတွေ ရတာနဲ့ ငါ့ဆီချက်ချင်းပို့။ နောက်ဆုံး ကျန်တဲ့ အချိန်ငါးနာရီခွဲအတွင်း တစ်ယောက်မကျန် လှုပ်ရှားကြ၊ အချိန်မဆွဲနဲ့!"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now