အပိုင်း(၅၀)-ငါက အရင်းရှင်ကြီးရဲ့ တောက်တိုမည်ရ လုပ်ပေးရုံတင်ပါ

2.2K 394 72
                                    

ကျန်းထင်က ချီးကျူးမှုကို လက်မခံဘဲ ငြင်းဆိုလိုက်ပါ​၏။ "ငါက မှုခင်းရဲမဟုတ်ဘူး။ အရင်းရှင်ကြီးရဲ့အကူသပ်သပ်ပဲ။"

--------------------------------------------------

တောနက်ထဲရောက်လေ သစ်ပင်ကြီးများ​၏ အနေအထားပုံသဏ္ဌာန်က ထူးဆန်းလာလေ ဖြစ်သည်။ လေထဲ၌ ထိုးထိုးထောင်ထောင် နွယ်တက်နေသော အမြစ်များမှာ လူ့ဘီလူးကြီးအလား နေရောင်ခြည်ကို ကွယ်ထားလျက်ရှိပေ​၏။ မြေပေါ်ထိုးထွက်နေသော ရေသောက်မြစ်များမှာလည်း အချင်းချင်းခြေလိမ်နေကာ ချွဲကျိကျိ ရေညှိမှော်များ အလိမ်းလိမ်းကပ်နေသဖြင့် ခြေလှမ်းတိုင်းကို သတိထားနေရသည်။ သတိလွတ်သွားသည်နှင့် ချော်လဲမည်မှာ အသေအချာပင်။

"ကျစ်"

ထိုအသံကိုကြားလိုက်ရသည်နှင့် ယန်ရှယ်တစ်ယောက် သွားနေရာမှ ချက်ချင်းရပ်လိုက်လေသည်။

"ဘာဖြစ်တာလဲ?"

ကျန်းထင်မှာ လက်ဖဝါးကိုပွတ်နေပြီး သူခုနက လက်ထောက်လိုက်သော သစ်ပင်ပင်စည်ကြည့်လိုက်ရာ ပုရွက်ကြီး အတန်းအရှည်လိုက်ကို တွေ့လိုက်ရ​၏။

"နမော်နမဲ့နဲ့ တွေ့ကရာလျှောက်ကိုင်မှတော့ အကိုက်ခံရပြီမလား?"

ယန်ရှယ်က ကျန်းထင်ကို အားပြုဆွဲလိုက်ပြီး ဆွဲငင်အားဗဟိုချက်ကို သူ့ကိုယ်ပေါ် တိမ်းစောင်းလာစေသည်။ တစ်ချိန်တည်းမှာပင် နူးညံ့စွာ အပြစ်တင်နေပြန်ပါ​၏။

(T/N- ဆွဲငင်အားဗဟိုချက်ဆိုတာ Center of gravityကိုပြောတာပါ။ ကျန်းထင်က ယန်ရှယ်ပေါ်ယိုင်ပြီး ပြုတ်ကျသွားတာကို ရူပဗေဒအသုံးအနှုန်းနဲ့ ရေးထားတာပါ)

"အဲ့ဒါကြောင့်မလိုက်ခဲ့ပါနဲ့လို့ပြောတာလည်း နားမထောင်ဘူး။ ချော်လဲသွားရင် ဘယ့်နှယ့်လုပ်မလဲ၊ အခမသင့်ရင် ဆေးရုံပြေးနေရဦးမယ်--ပျော့လိုက်တာလည်း လွန်ရော။"

ကျန်းထင်က မျက်မှောင်ကြုတ်ရင်း

"ဘာမဟုတ်တဲ့ကိစ္စလေးကို၊ ငါက သေးသေးကွေးကွေး မိန်းကလေးလည်းမဟုတ်။"

"အေး၊ မိန်းကလေးတွေတောင် မင်းလောက် ထိလွယ်ရှလွယ်မ
ဖြစ်ဘူး!"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now