အပိုင်း(၃၅)-ငါ့ရဲ့အပြစ်ကင်းစင်မှုကို တခြားလူ ဆုံးဖြတ်ပေးစရာမလိုဘူး

1.9K 474 67
                                    

နောက်ဆုံးတော့ ကျန်းထင်သည် ယန်ရှယ်ဖိထားရာမှ ရုန်းထွက်လျက် လည်ပင်းရိုးကို လှည့်လိုက်လေသည်။ "ငါ့ရဲ့အပြစ်ကင်းစင်မှုကို ဘယ်သူမှ ဆုံးဖြတ်ပေးစရာမလိုဘူး။"

--------------------------------------------------

အများပြည်သူလုံခြုံရေးမြို့တော်ရုံးချုပ်ရှေ့တွင် ယန်ရှယ်တစ်ယောက် လှေကားပေါ်မှ သုတ်ချေတင်ချေဆင်းလာကာ Grand Cherokeeကြီးထဲ ကတိုက်ကရိုက် ဝင်သွားလေသည်။ မာရှန်နှင့် အခြားသူများကမူ တျောင်းယုံကို စောင့်ကြပ်လျက် သူ့နောက်မှ လိုက်ပါလာကြသည်။

ကားတံခါးပိတ်သွားသည်နှင့် အနီအပြာမီးများရောယှက်နေသော အချက်ပေးဥဩသံထွက်ပေါ်လာကာ အရှေ့တောင်ဘက်သို့ ဦးတည်ထွက်ခွာသွားလေသည်။

"ကျွန်တော်တို့မှာ အချိန် မိနစ်လေးဆယ် ရှိသေးတယ်။ အထူးရဲတပ်ဖွဲ့လည်း ရောက်လာတော့မယ်။"

ကောင်းဖန့်ချင်က စီယာတိုင်ကို ကျွမ်းကျင်စွာလှည့်၍ ယာဉ်ကြောထဲ ဖြတ်ဝင်လိုက်သည်။

"ခေါင်းဆောင်လျိုလည်း ဒေသဆိုင်ရာရုံးခန်းကနေ ပစ်မှတ်နေရာကို လာနေပြီ။ အခုလေးတင် ဖုန်းထဲမှာ ပြောသွားတာကတော့ သူအဲ့ဒီကိုမရောက်ခင်အထိ အစ်ကိုယန်ကို စစ်ဆင်ရေးမှာ တိုက်ရိုက်အမိန့်ပေးပိုင်ခွင့်ပေးတယ်တဲ့။"

ယန်ရှယ်​၏ အမူအရာကား လေးနက်နေပြီး စိတ်လှုပ်ရှားနေခြင်းလည်း မဟုတ်သလို တုန်လှုပ်နေခြင်းလည်း မဟုတ်ပါချေ။

"အဆင်ပြေသွားမှာပါ၊ အစ်ကိုယန်"

မာရှန်မှာ သူစိတ်လှုပ်ရှားနေသည်ဟု ထင်သဖြင့် ရှေ့ခုံမှ ခေါင်းလှည့်ကာ ပြုံးပြလာသည်။

"မူးယစ်ဆေးထုတ်လုပ်မှု၊ မူးယစ်ဆေးရောင်းဝယ်မှု၊ ပြန်ပေးမှု နဲ့ လူသတ်မှု တွေအစုံသုတ်နေတဲ့ ဒီအမှုက အမှုကြီးဖြစ်ပေမဲ့ ကျွန်တော်တို့ ရက်ပိုင်းအတွင်း အဖြေရှာနိုင်ခဲ့တာပဲ တော်တော်မိုက်နေပြီ။ ဒီည ဟိုသူတောင်းစားလေးတွေကို ဖမ်းပြီးသွားတာနဲ့ ကျွန်တော်တို့အကုန်လုံး အိမ်ပြန်ပြီး ကောင်းကောင်းအိပ်လို့ရပြီ။ မနက်ဖြန် နေ့လည်ရောက်မှ............"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now