ဒီလို ရွှေထက်ဈေးကြီးတဲ့ ဆေးကို တစ်ချိန်ကခေါ်ခဲ့ကြတဲ့ အမေ့ခံနာမည်တစ်ခုရှိတယ်။ 'ထင်ယွင်' တဲ့။
-------------------------------------------------ယန်ရှယ် စစ်ဆေးရေးခန်းမှ ထွက်လာသည်နှင့် အခန်းပြင်တွင် ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ကြသော ရဲအရာရှိများမှာ ချက်ချင်းအသင့်အနေအထားဖြစ်သွားကြသည်။
"ဒုခေါင်းဆောင်ယန်"
နည်းပညာဌာနမှ အလုပ်သင်အရာရှိငယ်မှာ မဝံ့မရဲနှင့် ရှေ့တိုးလာ၏။
"ကျွန်တော်တို့ ဒါရိုက်တာဟွမ်က ချင်ရွေ့နဲ့ ဝမ်လော့တို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေရှိခဲ့တဲ့နေရာတွေကို ယှဉ်ကြည့်တဲ့အခါမှာ စုန့်ရှင်းချောင်နားတစ်ဝိုက်မှာ သံသယဖြစ်ဖွယ် ထုတ်ပိုးကုန်ပစ္စည်းစက်ရုံသုံးခု တွေ့ရှိရပါတယ်။ ဒီမှာ ပထဝီမြေအနေအထားအချက်အလက်အပြည့်အစုံပါ။"
ယန်ရှယ် ယူကြည့်လိုက်ရာ အမည်၊ တည်နေရာနှင့်တကွ စက်ရုံသုံးခု၏ ဖွဲ့စည်းပုံတည်ဆောက်ပုံများကိုပါပုံဆွဲထားသော စာရင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
"စုန့်ရှင်းချောင်"
ယန်ရှယ် တွေးဆဆနှင့် ပြောလေသည်။
"ကောင်းပြီလေ၊ ဒါရိုက်တာဟွမ်ကို ငါ့အစား ကျေးဇူးတင်ပါတယ်လို့ ပြောပေးဦး။"
ထို့နောက် သူကစာရင်းစာရွက်ကို စုံစမ်းစစ်ဆေးရေးအရာရှိထံလွှဲပေးလိုက်ပြီး စာရွက်ပေါ် လက်ညှိုးနှင့်ဖိ၍ အမိန့်ပေးလိုက်၏။
"ရဲတပ်ဖွဲ့ကို တပ်ဖြန့်ပြီး ဒီနေရာသုံးခုကိုသွားခိုင်း။ ပစ်မှတ်နေရာနဲ့ ဆယ်ကီလိုမီတာအကွာလောက်ရောက်ရင် အချက်ပေးဥဩသံတွေပိတ်ပြီး အမိန့်ကိုစောင့်ခိုင်းထား။ သွားတော့"
စုံစမ်းစစ်ဆေးရေးအရာရှိလည်း ချက်ချင်းထွက်သွားတော့သည်။
ယန်ရှယ်က အင်္ကျီကော်လံကို ကျကျနနဆွဲချ၍ Bluetooth နားကြပ်ပြန်တပ်ကာ လေတစ်ဝကြီး ရှူလိုက်လေသည်။ ထိုအချိန်မှာပင် တံခါးခေါက်သံ နှစ်ချက်ထွက်ပေါ်လာပြီး မာရှန်၏ အသံလည်းဆက်တိုက်ကပ်ပါလာ၏။
YOU ARE READING
《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)
ActionTitle : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning : Trauma,Suicide,Violence,Kidnapping,Drawning,Murder,Drug Abuse,Mature ဓားသွားချိုချိုလေး သို့မဟုတ် ဓာ...