အပိုင်း(၂၁)- ဒရာမာကွင်းမွေးဖွားခြင်း

2.3K 542 90
                                    

"ဒရာမာကွင်း မွေးဖွားလေပြီ။"

-------------------------------------------------

ဖြစ်ပျက်သွားသမျှဟာ ကို့ရို့ကားယားနိုင်လှ​ပေသည်။ ဝတုတ်လေးက 'ဘုရားရေ၊ ဘာတွေဖြစ်ကုန်တာလဲ?' ဟုအော်လျက် သူ့ရှေ့ကလူမှန်သမျှကို ဘူဒိုဇာကြီးကဲ့သို့ တွန်းဖယ်ကာ ကယ်တင်ရှင်ကြီးနှယ် ယန်ရှယ်ကို အရှုပ်ထုပ်ကြားထဲမှ ဆွဲထုတ်ပေးလိုက်သည်။ ခေါင်းနီကောင်နှင့် ဆံပင်ခဲရောင်လူမိုက်တို့နှစ်ယောက်မှာ ယခုအထိ မီးရောင်အလယ်အော်ဟစ်သံတို့ကြား ကြောင်တောင်တောင်ရပ်နေမိကြသည်။ ခေတ်ဆန်ဆန်ဝတ်စားထားကြသော လူငယ်တို့မှာလည်း အလွန်အမင်းမြူးထူးနေဟန်ရှိသည်။

သူငါ့ကိုနမ်းလိုက်တယ်!

ယန်ရှယ် မှင်တက်နေမိသည်။

ငါဘာလုပ်ရမလဲ?

ငါ မစ်ရှင်အောင်မြင်သွားပြီလား?

နေပါဦး ငါတပ်ကူခေါ်လိုက်လို့လား?

ချီး!__ ဘာလို့နမ်းလိုက်တာလဲ?

နားကြပ်ကိုမျိုချလိုက်တာဆိုတော့ ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်မှုများရှိသွားမလားမသိဘူး။ သူငါ့ကိုနမ်းလိုက်တုန်းက မရွံဘူးလား? မဟုတ်သေးပါဘူး။ ဒါကိုစဉ်းစားနေရမဲ့အချိန်မဟုတ်ဘူး။ အခုမစ်ရှင်က ကမောက်ကမဖြစ်ကုန်ပြီ။ သူငါ့ကိုနမ်းလိုက်တဲ့အပေါ် ရဲဘော်တွေဘယ်လိုထင်နေမလဲ? ငါကျန်းထင်နမ်းတာခံလိုက်ရတယ်ပေါ့ ?!

"အမလေး ကျွန်တော့ရဲ့အစ်ကိုချင်လေး အဆင်ပြေရဲ့လား?"

ဝတုတ်လေးမှာ ငိုမဲ့မဲ့ဖြစ်နေ​၏။ သူက ယန်ရှယ်​၏ နားရွက်ကိုထိကြည့်လိုက်ပြီး ဤသို့အတင်းဖုံးဖိရန်ကြိုးစားခြင်းကပင် သူတို့ကိုပို၍ သံသယဝင်စေသည်။

"မြန်မြန်၊ ခင်ဗျားဒဏ်ရာရသွားသေးလား စစ်ကြည့်ပါဦး။ ကျွန်တော်ပြောသားပဲ ဒီနေ့ထွက်လာတာအချိန်ကောင်းမဟုတ်ပါဘူးဆို။ လာလာ အိမ်ပြန်ပြီးအမွှေးတိုင်ထွန်းရအောင်။ ပြီးရင် ကံဆိုးမှုတွေကွာကျသွားအောင် ရေချိုးရမယ်....."

ခေါင်းနီကောင်က ပြောလာ​၏။

"ဘာတွေဖြစ်နေတာလဲ? ဘာကြည့်တာလဲ?"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now