သူမ၏ ပုပ်သိုးနေသော လက်ချောင်းများဖြင့် မှဲ့နီလေးကို ထိကာ ယန်ရှယ်အား အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်တော့၏။
---------------------------------------------ရုတ်ခြည်းဆိုသလို ယန်ရှယ်၏ မျက်နှာမှာ ခံစားချက်တို့ဗလာဖြစ်သွားလေသည်။ မည်သို့မည်ပုံ တုံ့ပြန်ရမှန်းမသိ၊ တောင့်တောင့်ကြီးဖြစ်နေလျက် လပ်တော့screenကိုသာ ပြူးကြောင်ကြောင်စိုက်ကြည့်နေမိ၏။ လပ်တော့မှ ထွက်လာသော ညည်းသံများမှာလည်း ကြည်လင်ပြတ်သားစွာဖြင့် နားထဲသို့ ပြောင်ပြောင်တင်းတင်းဝင်ရောက်လာသည်။
ကျန်းထင်သည် သူ၏မှင်သေသွားသော အမူအရာကိုကြည့်ပြီး တိတ်ဆိတ်စွာ အသက်ရှူထုတ်လိုက်လေ၏။
အနှီထွက်လေသည် စိတ်အေးသွားခြင်းပေလား၊ တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်ခြင်းပေလား မသဲကွဲပါချေ။ လျှာရင်းတွင် အနည်းနည်းခါးသက်သက်ဖြစ်လာသဖြင့် ခုနက ကိုက်ပြီးကျန်သော ဖက်ထုပ်တစ်ဝက်ကို ပါးစပ်ထဲထည့်လိုက်လေသည်။ ထို့နောက် ရှုပ်ထွေးပွေလီလှသော အမည်မသိခံစားချက်များကို ဖက်ထုပ်နှင့်အတူ ဝါးမျိုလိုက်ကာ ပန်းကန်လုံးနှင့် တူတို့အား အသာအယာ ပြန်ချထားလိုက်၏။
ကျစ်--သူ့စိတ်ထဲ ရုတ်တရက် အတွေးတစ်ခု ဝင်လာ၏။
ထို့နောက် ယန်ရှယ်ထံမှ အသံထွက်လာသည်။
"ဒီတစ်ယောက်ရဲ့ ဘော်ဒီကမိုက်သားပဲ။"
ကျန်းထင် : " ? "
ယန်ရှယ်က မေးကိုပွတ်လျက် ပြုံးတုံ့တုံ့နှင့်
"ဒါပေမဲ့ အောက်ကတစ်ယောက်က သရုပ်ဆောင်သိပ်မကောင်းဘူး။ အသားအရေလဲ သိပ်မကောင်းတဲ့အပြင် အမူအရာကလဲ နည်းနည်း အတင်းလုပ်ယူထားသလိုပုံစံကြီးနဲ့။ ရုပ်ကလဲ မင်းနဲ့ယှဉ်ရင် အဝေးကြီး။ ခြုံပြောရရင် ရိုက်ချက်တွေနဲ့ ထုတ်လုပ်ရေးကတော့မဆိုးပါဘူး။ တစ်ရာမှာ ခုနစ်ဆယ့်ငါးလောက်တော့ ပေးလို့ဖြစ်ပါတယ်။ ဒီအမှတ်ပေးတာကလဲ ဒီလိုဖုန်မှုန့်မျိုးကို ဘယ်သူ့ဆီကိုမှ လွင့်ထွက်မသွားအောင် သေချာထိန်းသိမ်းထားနိုင်တဲ့ ကိုယ်တို့ မြို့တော်ရုံးချုပ်က ညစ်ညမ်းဗီဒီယိုတိုက်ဖျက်ရေးအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ။"
YOU ARE READING
《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)
ActionTitle : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning : Trauma,Suicide,Violence,Kidnapping,Drawning,Murder,Drug Abuse,Mature ဓားသွားချိုချိုလေး သို့မဟုတ် ဓာ...