အပိုင်း(၃၃)-ဖူးKလို့တလေးတစားခေါ်ကြတယ်

2.1K 401 9
                                    

"ဘယ်သူမှ သူ့နာမည်အရင်းကို ထုတ်မပြောရဲကြဘူး။ တလေးတစားနဲ့  ဖူးK လို့ပဲခေါ်ကြတာ"

-------------------------------------------------

မူးဝေခြင်း

အသည်းခိုက်အောင် နာကျင်မှု

ချူစင်​၏ ခန္ဓာမှာ အနည်းငယ်လှုပ်လာပြီး မျက်လုံးတို့ ပွင့်လာ​၏။ များမကြာမီ တင်းတင်းကြပ်ကြပ် ပိတ်ဆို့သွားပြန်သည်။

အဖျားကြီးနေသဖြင့် သတိမကပ်သည်ဖြစ်ရာ  အာရုံကြောလေးများက သူ့နောက်တွင် နံရံမာကြီးတစ်ခုနှင့် ယခုဖုန်ထူသောနေရာတွင် လဲလျောင်းနေကြောင်း သတင်းအချက်အလက်များကို သယ်ဆောင်၍ ဦးနှောက်ဆီသို့ ပေးပို့ရာ၌ နှောင့်နှေးကြန့်ကြာနေသည်။ အတန်ကြာမှ သူပြန်ပေးဆွဲခံလာရကြောင်း မှတ်မိသွားလေ​၏။

လွန်ခဲ့သော တစ်ရက်နှင့်နေ့တစ်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့သည့် ကသောင်းကနင်းနိုင်လှသော ကိစ္စရပ်မျိုးစုံတို့ကား ပန်းလေးတစ်ပွင့်ကို မြင်စီးနေရာမှ မြင်လိုက်ရခြင်းကဲ့သို့ လျှပ်တစ်ပြက်နိုင်လှသည်။ သိုလှောင်ရုံစောင့် လုံခြုံရေးနှင့် ရင်ဆိုင်ခဲ့ရသည်။ သေနတ်ထောက်ခံထားရသည့် အခြေအနေတွင် ဆရာ့ဆီမှ ဖုန်းကို လက်ခံပြောဆိုခဲ့ရသည်။ အတတ်နိုင်ဆုံး ကြိုးစား၍ အချက်ပြ အကူအညီတောင်းခဲ့သည်။ ဖုန်းချလိုက်ချိန်တွင် အရိုက်ခံရပြီး သတိလစ်သွားခဲ့သည်။

ချူစင် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါ​၏။ ထို့နောက် ထိုင်နိုင်ရန် ကြိုးပမ်းလိုက်လေသည်။ သို့ရာတွင် လှုပ်လိုက်သည်နှင့် နံရိုးမှ စူးရှလှသော နာကျင်မှုက နိုးထလာသဖြင့် အေးစိမ့်စိမ့်လေကို တစ်ဝကြီးရှူသွင်းလိုက်ရပြန်​၏။

'ဟုတ်သားပဲ၊ ငါဒဏ်ရာရထားတာ' --သူတွေးသည်။

ပြန်ပေးသမားတို့က ကားကို မီးရှို့ပြီး သူ့ကို အဝေးပြေးလမ်းမပေါ် တွန်းပစ်ခဲ့သည်။ ကောင်းကင်တစ်ခွင် အှုံ့မည်းမှောင်မိုက်နေပြီး ခွေးတစ်ကောင်တစ်မြီးတောင်မှ မရှိပါချေ။ 'ကယ်ကြပါဦး' ဟုအော်လျှင်တောင်မှ ကြားမည့် ဝိညာဉ်မရှိ။ သူတို့ ချုံပုတ်များကို ဖြတ်လျှောက်လာရင်း သူစွန့်စားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ သူက ပြန်ပေးသမားကို ဝင်လုံးကာ သစ်ကိုင်းခြောက်များနှင့် သစ်ရွက်ခြောက်များပေါ်၌ ပြန်ပေးသမား​၏ သွေးကို ချန်ထားခဲ့နိုင်ရန် အစွမ်းကုန် ရုန်းကန်ခဲ့ရပေသည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now