အပိုင်း(၄၅)-ကျန်းထင်က တအားချောတာ၊ မှုခင်းရဲအလှပဂေးလေး

2.3K 367 131
                                    

ခေါင်းဆောင်ယန် : "ခေါင်းဆောင်ကျန်းလား၊ တအားချောတာ၊ မှုခင်းရဲ အလှပဂေးလေး။"
--------------------------------------------------

ရဲဆိုင်ကယ်နှစ်စီးသည် ဟွန်းတီး၍ လမ်းရှင်းပေးနေပြီး S450ကြီးမှာ အရှိန်ပြင်းစွာ ဖြတ်မောင်းလျက် F1 ပြိုင်ကားတစ်စီး​၏ အဟုန်ဖြင့် မီးနီဆယ်ခုထက်မနည်း ဖြတ်ကျော်ခဲ့ပေသည်။ လမ်းသွားလမ်းလာ လူထုမှာတော့ ဓာတ်ပုံများတဖျပ်ဖျပ်ရိုက်လျက်။

"အရှိန်လျှော့စမ်းပါ!!"

လမ်းတစ်လျှောက်ရှိ မီးရောင်များစွာကြား ကျန်းထင်အော်ဟစ်လေတော့သည်။

"သန်းနှစ်ရာတောင်းတယ်ဆိုမှတော့ ပြန်ပေးဆွဲမှုနဲ့သိပ်မတူဘူး။ တအားမလောစမ်းနဲ့!!"

ယန်ရှယ်သည် မြို့ထဲလမ်းဆုံအရောက် အရေးပေါ်လမ်းလွှဲမှ ဝှီးခနဲမောင်းချလာသည်။

"လျှော့လို့မရဘူး! ဟိုက တကယ်ကြီး သန်းနှစ်ရာတောင်းရဲတဲ့ အရူးကောင်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ?!"

ကျွီ---အင်ဂျင်သည် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လျက် ရေဒီယိုထဲမှလည်း လမ်းကြောအခြေအနေအကြောင်း ထုတ်ပြန်ကြေညာနေသည်။ ကျန်းထင် ထပြီး ယန်ရှယ်နားရွက်နားကပ်ကာ တစ်လုံးချင်း အော်ပြောလိုက်​၏။

"အဲ့လိုဆိုလည်းခြမ်းခြောက်ဖို့ တိရစ္ဆာန်သွေးသုံးတယ်ဆိုတာ ယုတ္တိမရှိဘူး! မဖြစ်နိုင်ဘူး!"

S450 သည် အပြာရောင်လျှပ်စီးကြောင်းတစ်ခုအလား မြို့တော်ရုံးချုပ်​၏ ဖြည်းဖြည်းချင်းပွင့်လာသော ဂိတ်တံခါးကိုဖြတ်၍ မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာနအဆောက်အအုံရှေ့၌ ရပ်လေသည်။

ကျန်းထင်​၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ရှေ့ကိုယိုင်သွားပြီး ကံကောင်းစွာပင် ယန်ရှယ်ကဖမ်းထိန်းပေးလိုက်၍ ခါးပတ်အစ်ပြီး သေမည့်ဘေးမှ လွတ်ခဲ့ရပေသည်။

"မင်းက ပုံလေးကြည့်ရုံနဲ့ တိရစ္ဆာန်သွေးပါလို့အတပ်ပြောနိုင်တယ်ပေါ့?"

ယန်ရှယ်က သူ့ကို စိုက်ကြည့်နေ​၏။

နှစ်ဦးသားမှာ ကားရှေ့ခန်းငယ်ထဲ၌ မျက်နှာချင်းဆိုင်အနေအထားဖြစ်နေပြီး ယန်ရှယ်​၏သန်မာလှသောလက်သည် ကျန်းထင်​၏ ကိုယ်ပေါ်၌ ရှိနေဆဲဖြစ်​​၏။ သို့ရာတွင် တစ်ဖက်လူကတော့ ဤမျှအထိ သတိထားမိပုံမပေါ်ချေ။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now