အပိုင်း(၆၁)- အိမ်ကလူ ခိုးရာလိုက်ပြေးသွားလို့!

2.5K 446 104
                                    

ယန်ရှယ်က စိတ်ဆိုးမာန်ဆိုးနှင့် : "အိမ်ကလူ ခိုးရာလိုက်ပြေးသွားပြီ!"
.--------------------------------------------

ခေါင်းတည့်တည့် မိုးကြိုးပစ်ချလိုက်သည့်အလား ယန်ရှယ်​၏ ဦးနှောက်ထဲတွင် အရာအားလုံး ပျောက်ကွယ်သွားပြီး အတွေးတစ်ခုသာ ကျန်ရစ်လေသည် : ကျွန်တော်မဟုတ်ဘူး!

ကျန်းထင်!

ဖန့်ကျိန့်ယွမ် လိုက်သတ်သည်မှာ ကျန်းထင်ဖြစ်သလို ရဲများတိုက်ခိုက်ခံရစဉ်က ကျန်းထင်သည်လည်း ကားထဲ၌ ရှိနေခဲ့သည်။ သူကိုယ်တိုင် ကျည်ထိသွားရခြင်းမှာလည်း ထိုအချိန်က ကျန်းထင်ကို သူပွေ့ထားခြင်းကြောင့် ဖြစ်လေသည်။

အကယ်၌ ထိုတရားခံအုပ်စု​၏ ပစ်မှတ်သည် လီယွီရှင်းသာ မဟုတ်ခဲ့လျှင် သူတို့ သတ်ရန်ရည်ရွယ်ထားသော ပစ်မှတ်ကား ပြောစရာပင် မလိုတော့!

ယန်ရှယ်မှာ အရိုးထိအောင် စိမ့်လာရပြီး အတန်ကြာသည်အထိ စကားမပြောနိုင်ခဲ့။

သူမျက်နှာတွင် ဤကဲ့သို့သော အမူအရာမျိုးတွေ့ရသည်မှာ အလွန်တရာမှ ရှားသဖြင့် လက်ထောက်ဌာနမှူး​ဝေ့ပင်လျှင် သူအလွန်ကြောက်သွားသည်ဟု ထင်ပြီး အလျင်အမြန်ပင် မပြောစဖူး ချိုချိုသာသာ ဖြေသိမ့်ပေးလေ​၏။

"မင်း တအားစိုးရိမ်နေဖို့ မလိုပါဘူး။ လက်လုပ် ကျည်ဈေးကွက်က ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲဆိုတာ ပြောရခက်ပါသေးတယ်။ ပြီးတော့ ဖန့်ကျိန့်ယွမ်နဲ့ ဒီလူတွေဆက်နွယ်နေတယ်ဆိုတာကလဲ အခုချိန်ထိ ရဲတွေရဲ့ ခန့်မှန်းချက်ပဲ ရှိသေးတယ်။ တရားခံတွေကို ဖမ်းမိကာမှ ဒီအကြောင်းတွေကို အသေးစိတ်စစ်ဆေးရမှာ။ မင်းဟာမင်းသာ ပြန်ကောင်းလာအောင် ကောင်းကောင်းဂရုစိုက်။ ငါအခု ဆေးရုံအနီးတစ်ဝိုက်မှာ အရပ်ဝတ်တွေနဲ့ အစောင့်ချထားတယ်။ ကျန်းနင်ကို ပြန်လာဖို့ကတော့ မင်းဆေးရုံဆင်းတဲ့နေ့ကျရင် မြို့တော်ရုံးချုပ်က လူတစ်ယောက်ကို မင်းကိုကြိုဖို့လွှတ်လိုက်မယ်........."

"အာ၊ ကိစ္စမရှိဘူး"

ယန်ရှယ်မှာ ယခုမှ သတိကပ်ပြီး အတင်းလုပ်ယူ ပြုံးပြကာ

"ကျွန်တော် အတွေးများသွားရုံတင်ပါ။"

လက်ထောက်ဌာနမှူးဝေ့က သူ့ကို မယုံသင်္ကာကြည့်နေသဖြင့် မိမိ​၏ လေးလေးနက်နက်အမူအရာကို ကမန်းကတန်းပြင်လိုက်ရာ မျက်နှာထားမှာ အနည်းငယ်ပင် ထူးဆန်းသွားလေသည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now