အပိုင်း(၅၅)-အပြစ်ရှိတဲ့လူတွေကို အပြစ်ပေးပြီး အပြစ်မဲ့တဲ့လူတွေ လွတ်မြောက်ရမယ်

1.8K 389 35
                                    

"ငါတို့ရဲတွေလိုအပ်နေတာက အဲ့ဒီသက်သေတွေကနေတစ်ဆင့် ဖြစ်စဉ်တစ်ခုလုံးရဲ့အသေးစိတ်ကို သိရဖို့၊ ဒါမှ အပြစ်ရှိတဲ့လူတွေ အပြစ်ပေးခံရပြီး အပြစ်မရှိတဲ့လူတွေလဲ မှားယွင်း အပြစ်ပေးခံရတာကနေ လွတ်မြောက်မှာ။"
----------------------------------------------

ထိန်းသိမ်းရေးစခန်းမှူးမှာ လုံးဝမကျေနပ်သော်လည်း ဒုခေါင်းဆောင်ယန်နှင့် ထိပ်တိုက်တွေ့ရန် မစွမ်းသာလေရာ မြို့တော်ရုံးချုပ်မှအဖွဲ့ကို ဆေးခန်းသို့ခေါ်သွားလိုက်ရသည်___စခန်းမှ တာဝန်ရှိသူများသာဝင်ထွက်ခွင့်ရှိသော သီးသန့်အခန်းဖြစ်ပြီး လီယွီရှင်းကို ခေါ်သွားသည့်နေရာနှင့် အလွှာချင်းမတူပေ။

"အကျဉ်းသားရဲ့ ခေါင်းကတော်တော်ထိသွားတာမလို့ ကျွန်တော်တို့ အခုချက်ချင်းပဲ ဆေးရုံပို့ဖို့ အကြောင်းကြားထားပါတယ်........"

"ငါ့ကိုဒါတွေလာမပြောနဲ့။ သူနဲ့ အခုပြန်ပေးဆွဲမှုက ဆက်စပ်နေတာ သေချာတယ်။ ရှင်းရှင်းလင်းလင်းသိရအောင် မေးမှကိုဖြစ်မယ်!"

"ကျွန်တော်တို့မှာလဲ လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်! အထူးသဖြင့် အသက်မပြည့်သေးတဲ့ ကလေးတွေ! ခင်ဗျားတို့ဒီလိုလုပ်တာ ကျွန်တော်တို့ စခန်းကို ဒုက္ခရောက်စေတယ်ဗျ!.........."

..........

အခန်းအပြင်မှ အခြေအနေတင်းမာနေသော ငြင်းခုံသံတို့မှာ မကျယ်လောင်လှသော်လည်း ပိတ်ထားသော သစ်သားတံခါးကိုဖြတ်၍ ပိုးသတ်ဆေးနံ့ဖျော့ဖျော့လွှမ်းနေသည့် ဆေးပေးခန်းထဲသို့ ဝင်လာပေသည်။ ကျန်းထင်သည် အမူအရာမဲ့စွာနှင့် ထပ်ခါထပ်ခါပိုးသတ်ပြီး ပတ်တီးစည်းခံနေရသော သူ့လက်ကိုသာ ကြည့်နေ​၏။

"မပျောက်မချင်း ရေမထိပါနဲ့။ ထပ်ရောင်မလာအောင် ပတ်တီးပုံမှန်လဲပေးပါ။ ပြီးတော့"

သက်လတ်ပိုင်း စခန်းဆရာဝန်ဖြစ်သူ အမျိုးသမီးမှာ အနည်းငယ် တွန့်ဆုတ်နေလျက်

"သေချာနားပြီး အာဟာရပြည့်ဝအောင် စားပေးဖို့ မမေ့ပါနဲ့။"

ကျန်းထင်က ခေါင်းညိတ်ရုံသာညိတ်လိုက်သည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now