အပိုင်း(၃၇)-မင်းဘယ်လောက်လိုက်နိုင်မှာမလို့လဲ?

1.8K 407 15
                                    

ဟန်ရှောင်မိန် မမြင်နိုင်သည့်နေရာတွင် ကျန်းထင်​၏ သွားစွယ်လေးမှာ နှုတ်ခမ်းထောင့်ကို နက်နက်ရှိုင်းရှိုင်းစိုက်ဝင်လျက် နီရဲရဲသွေစီးကြောင်းတစ်ခု ဖြစ်ထွန်းလာခဲ့ပေသည်။
-------------------------------------------------

"ညွှန်ကြားရေးယာဉ်ကို သတင်းပို့ပါတယ်။အခုပြောနေတာ စောင့်ကြည့်နေရာ B ကပါ။ အခုအနီးဆုံးပြန်ပေးသမားက ဓားစာခံတွေနဲ့ သုံးလေးမီတာအကွာမှာ ရှိတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ရှုထောင့်နဲ့ ဖန်သားပြင်တွေကြောင့် အခြေအနေကိုရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ ကျေးဇူးပြုပြီး ဘာဆက်လုပ်ရမလဲ ညွှန်ကြားပေးပါ။"

ညွှန်ကြားရေးယာဉ်ပေါ်တွင် မီးချောင်းမှ ထုတ်လွှတ်လိုက်သော အလင်းရောင်သည် ဒါရိုက်တာလွီ​၏ မျက်နှာတွင် ရေပြင်သဖွယ် ရောင်ပြန်နေ​၏။

"ဆက်ပြီးစောင့်ကြည့်နေ။ ပြန်ပေးသမားက ပြတင်းပေါက်ဘောင်ကို ကပ်လာတာနဲ့တစ်ပြိုင်နက် ခေါင်းဆောင်ခန်းက အပေါ်ကနေခုန်ဆင်းပြီး ပြတင်းပေါက်ကိုဖောက်ဝင်လာလိမ့်မယ်။ ပြီးတာနဲ့ ယန်ရှယ်တို့ပါ တပ်ကူလာလိမ့်မယ်။"

တစ်ဖက်မှ အသံပြတ်ပြတ်နှစ်လုံးသာထွက်ပေါ်လာသည်။

"ဟုတ်ကဲ့!"

ဒါရိုက်တာလွီက ခဏစဉ်းစားပြီးနောက် ရုတ်တရက် မေးလေ​၏။

"စောင့်ကြည့်နေရာတွေ အကုန်လုံးနားထောင်ပါ။ အပြင်ကနေ ဓားစာခံကို အချက်ပြလို့ရမလား?"

"မရဘူး။"

လျှပ်စစ်လိုင်းတဂျီဂျီအသံများကြားမှ ခန်းရှုချန်​၏ သတိအပြည့်နှင့် စကားသံထွက်ပေါ်လာသည်။

"ဒုတိယထပ်မှာ မျက်နှာကြက်ကနေကြမ်းအထိ အပြည့်ပါတဲ့ မှန်ပြတင်းတွေရှိတယ်။ ရာဇဝတ်သားတွေရဲ့ တည်နေရာအတိအကျကို သေချာမမြင်ရတာမလို့ ဓားစာခံတွေကို လျှို့ဝှက်အချက်ပြရခက်တယ်။ ဓားစာခံတွေကများ ဒီဘက်ကိုအာရုံစိုက်နေတုန်း ပြန်ပေးသမားတွေသတိထားမိသွားရင် ခန့်မှန်းလို့မရတဲ့အကျိုးဆက်တွေဖြစ်သွားနိုင်တယ်။"

ဒါရိုက်တာလွီလည်း ဘာမှဆက်မပြောတော့ဘဲ ခေါင်းသာညိတ်လျက် သက်ပြင်းဖွဖွချမိတော့သည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now