အပိုင်း(၄၃)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့ခြင်းဒိုင်ယာရီ (၁)

2.1K 409 96
                                    

အတွဲ(၂) : အမှုတွဲ (၆၁၉)- သွေးစွန်းအင်္ကျီနှင့် ပြန်ပေးဆွဲမှု

မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့မှုမှတ်တမ်း (ပထမပိုင်း)
-------------------------------------------------

တစ်ဆယ့်ရှစ်ကြိမ်မြောက်မြည်လာသော နှိုးစက်ကလေးသည် ဂွမ်းစောင်ပုံထဲမှ ဆန့်ထုတ်လာသော သန်သန်မာမာ လက်တစ်စုံ​၏ ဆက်ခနဲရိုက်ပိတ်ခြင်းကို ခံလိုက်ရပေသည်။

အချိန်အားဖြင့် နံနက်ဆယ်နာရီခွဲ၊ ယန်ရှယ်တစ်ယောက် အိပ်ရာကြီးပေါ်တွင် လူးလှိမ့်၍ ထထိုင်ကာ အရက်အရှိန်ဖြင့် နောက်ကျိနေသော ခေါင်းကိုဖိပွတ်လိုက်​၏။

အမှုတွဲ(၅၀၂)၊ အေးခဲအလောင်းအမှုကို ရှေ့နေ့များရုံးသို့ လွှဲပြောင်းပြီးဖြစ်ကာ စီရင်စုရုံးမှ အမည်မသိစနိုက်ပါသမားကို ခြေရာခံရန် အစီအစဉ်ဆွဲထားပေသည်။ Fentanyl ဒြပ်ပေါင်းအသစ်ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး အထူးရဲတပ်ဖွဲ့ခေါင်းဆောင် ခန်းရှုချန်သည်လည်း စိုးရိမ်ရသည့်အခြေအနေမှ လွတ်မြောက်လာခဲ့ပြီဖြစ်သည်။

အုတ်အော်သောင်းနင်း လက်ခုတ်ဩဘာသံများကြားတွင် လက်ထောက်ဌာနမှူးဝေ့က စစ်ဆင်ရေးတွင်ပါဝင်သူမှန်သမျှ သုံးရက်တိုင်တိုင်းနားရက်ရမည်ဟု ကြေညာခဲ့ပြီးနောက် ရဲတပ်သားအားလုံး ရူးမတတ်ပျော်သွားကြလေသည်။
ချင်ချွမ်းနှင့် ကုံလိဆိုတဲ့ ခွေးနှစ်ကောင်က သူ့ကိုအမိဖမ်းပြီး မှောက်အောင်တိုက်ခဲ့ကြသည်။ မူးမူးနှင့် ပြန်လာသော အိမ်ပြန်လမ်းတွင် ဖုန်းတစ် call ဝင်လာပြီး သူ့ကို သတိပေးသွားခဲ့သည်။ မမေ့ဖို့ ဒီနေ့......

ဒီနေ့........

ယန်ရှယ် မှတ်မိသွားသည်နှင့် ချက်ချင်းလက်ငင်း ခေါင်းမူးပျောက်သွားပြီး ဖုန်းကိုယူကာ Wechat ဖွင့်လိုက်​၏။

"သား၊ ဒီနေ့နေ့လည် ဆယ့်နှစ်နာရီကျရင် အမေတို့ရဲ့ 'ကောင်းကင်ဥယျာဉ်' စားသောက်ဆိုင်မှာ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင်ကြီးရဲ့ သမီးနဲ့သွားတွေ့ရမယ်နော်။ သပ်သပ်ရပ်ရပ်လေး ဝတ်စားသွား။ sheet maskလေးဘာလေးလည်း ကပ်လိုက်ဦး။ နင့်အမေ"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin