အပိုင်း(၁၈)-အချိန်တစ်နာရီပဲပေး

2.3K 494 40
                                    

"အချိန်တစ်နာရီပဲပေးပါ။ တစ်နာရီအတွင်းမှာဖြေရှင်းချက်မရခဲ့ရင် ကျွန်တော် ယန်ရှယ် ခင်ဗျားရဲ့မျိုးရိုးနာမည်ခံယူလိုက်မယ်။"
-------------------------------------------------

"သူ့မျက်နှာ?"

ယန်ရှယ်အနည်းငယ် အံ့ဩသွားရသည်။

ကျန်းထင်ကသူ့ကိုစိုက်ကြည့်နေ​၏။

"မှောင်မည်းနေတော့ မမြင်လိုက်ရဘူး။ သူ့မှာသေနတ်တစ်လက်တော့ပါတယ်။"

"သူဘယ်လိုပုံစံလဲဆိုတာတောင်မမြင်လိုက်ဘူးလား?အရပ်ကရော? ခန္ဓာကိုယ်တည်ဆောက်ပုံရော? အပြင်ပန်းပုံစံတွေရော?"

ယန်ရှယ် ပြန်စဉ်းစားလိုက်သည်။

"တကယ်အရမ်းမှောင်နေတာ။ အရပ်တော့မပုဘူး။ ခန္ဓာကိုယ်တည်ဆောက်ပုံကသာမန်ပဲ။ ဒါပေမဲ့ ပြေးတဲ့နေရာမှာတော့ သောက်ရမ်းမြန်တာ"

ကျန်းထင်သည် တိတ်ဆိတ်စွာပင် ခေါင်းငြိမ့်လိုက်​၏။ ခဏနေမှ သူပြောလိုက်လေသည်။

"ဒီအမှုကိုဆက်စုံစမ်းလို့ရမှာမဟုတ်တော့ဘူး။"

တိုးညှင်းလှသောအသံပင်ဖြစ်သော်ငြား တိကျပြတ်သားသည့်အရှိန်အဝါ အပြည့်ပင်။

စကားမဆုံးခင် ယန်ရှယ်သည် မကျေနပ်မှုအငွေ့အသက်တို့ထုတ်လွှတ်လာပြီး ဒေါသကိုအတတ်နိုင်ဆုံးထိန်းနေရ​၏။။ မျက်နှာအမူအရာကတော့ ပျက်နေလေပြီ။

"မင်းဘာပြောလိုက်တယ်?"

"ဟူဝေရှိန့်ရဲ့မူးယစ်ဆေးဝါးထုတ်လုပ်မှုကလွဲကျန်တာဆက်ဖော်ထုတ်လို့မရနိုင်တော့ဘူး။ ဒီအခြေအနေမှာ သေချာတဲ့သက်သေတစ်ခုမရမချင်း မင်းဘယ်သူ့ကိုမှ ဖမ်းလို့ရမှာမဟုတ်ဘူး။ အခုလောလောဆယ် အကောင်းဆုံးကတော့ဆေးအတုရောင်းတဲ့ကိစ္စကိုပဲဆက်စုံစမ်းလိုက်ပါ။ ဟူဝေရှိန့်က တရားမဝင်တဲ့နည်းလမ်းတွေသုံးရုံတင်မကဘူး၊ သူနဲ့အကျိုးတူပူးပေါင်းတဲ့ မူးယစ်ရာဇာတွေရဲ့ဒေါသကိုပါ ဆွလိုက်တာပဲ။အခုဆို ဒီအမှုမှာ တကယ်ရက်စက်တဲ့ ရာဇဝတ်ကောင်တွေပါ ပါလာပြီဆိုတော့ ဒီအမှုကိုစုံစမ်းတဲ့ရဲတွေအတွက် တစ်ခါမှမကြုံဖူးတဲ့ အန္တရာယ်တွေနဲ့ကြုံရလိမ့်မယ်။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now