အပိုင်း(၆၅)-တအားတူတယ်

2K 371 81
                                    

ပုဝေးကို အဘယ့်ကြောင့်ထူးဆန်းသည်ဟု မြင်မိနေမှန်း ယန်ရှယ်နောက်ဆုံးတော့ သိသွားလေပြီ
---------------------------------------------

ဆေးရုံတံခါးဝတွင်

G65ကြီးမှာ လမ်းဘေး၌ ဖြည်းဖြည်းချင်း ထိုးရပ်သွားလေ​၏။ ကျန်းထင်သည် ခရင်ပေါက်စီနောက်ဆုံးတစ်လုတ်ကိုကိုက်လိုက်ကာ အငွေ့လေးများကို မှုတ်ထုတ်လိုက်ပေသည်။ ယန်ရှယ်က စက်ရပ်လိုက်သော်လည်း ကားပေါ်မှ ချက်ချင်းဆင်းမလာသေး၊ မျက်တောင်မခတ်တမ်းသာ ကျန်းထင်​၏ပါးစပ်ကို စိုက်ကြည့်နေ​၏။ ပေါက်စီချိုချိုလေးကို အသာအယာ မျိုချ၍ ပဲနို့ပူပူလေးကို ဘူးဝက်ထိကုန်အောင် သောက်ပြီးသည်အထိ မလွတ်တမ်းကြည့်နေပြီးမှ သူကိုယ်တိုင် တံတွေးမျိုချမိလေသည်။ ထူးထူးဆန်းဆန်းခံစားလာရသဖြင့် အကြည့်လွှဲ၍

"အလုပ်တွေအပြီးသတ်ပြီးသွားရင် မင်းကို နောက်တစ်ခါ ထမင်းလိုက်ကျွေးမယ်၊ နော်~၊ လိမ္မာတယ်။"

ကျန်းထင်က ပြန်ပြောလိုက်​၏။

"မလိုဘူး။ မင်းကိုစသိတဲ့အချိန်ကတည်းက ကောင်းကောင်းမွန်မွန်နဲ့ ပေါက်စီနှစ်လုံးကုန်အောင်စားနိုင်တာ ရှားရှားပါးပါး ဒါပထမဆုံးအကြိမ်ပဲ။"

ထို့နောက် ဘာမှမဖြစ်သလို ကားထဲမှ ဆင်းသွားတော့သည်။

ယန်ရှယ် : "..... ......"

ကျန်းနင်မြို့​၏ တစ်ချိန်ကအချမ်းသာဆုံးဖြစ်ခဲ့သောမိသားစု​၏ဆက်ခံသူမှာ မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ တောင့်တောင့်ကြီးထိုင်နေလျက်။ အမူအရာကား Pegasus Seiya​၏ လက်သီးစာမိသွားသလို၊ ယောက်ျားတစ်ယောက်​၏ တည်ကြည်မှုများ အစိတ်စိတ်အမွှာမွှာကွဲကြေကုန်သည်။

"........ကိုယ်တို့ အရင်ဆုံး တစ်ခါတည်း ရှင်းအောင်ပြောရအောင်။ ပထမဆုံးတစ်ခေါက်တုန်းက အဲ့ဒီခရင်ပေါက်စီက အေးနေပြီဆိုပြီး မစားတော့ဘူးပြောလို့ အမှိုက်ပုံးထဲပစ်လိုက်တာလေ။ ကိုယ့်ကြောင့်လို့ ပြောလို့ရမလား?! နောက်ပြီး အရင်တစ်ခေါက်က ပဲပေါက်စီကလဲ မင်းဟာမင်း တစ်ဝက်လောက်ကိုက်ရင်း အိပ်ပျော်သွားလို့လေ။ မင်းထလာတဲ့အခါ ဆက်စားချင်မယ်လို့ ကိုယ်လဲ ဘယ်ထင်မလဲ......"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now