အပိုင်း(၈)- ကျန်းထင်ကိုယ်တိုင်ဖြစ်နေနိုင်တာပဲ

2.5K 525 22
                                    

"အဲ့ဒီကျန်းထင်က ဌာနဆိုင်ရာအကြီးအကဲရာထူးကိုအကာအကွယ်ယူပြီး နောက်ကွယ်ကနေ မူးယစ်ဆေးရောင်းဝယ်တဲ့သူလျှို ဖြစ်နေနိုင်တယ်"
-----------------------------------------------

"မင်းမိန်လုံး!!"

ဝေ့ယောင်တစ်ယောက်အော်ကြီးဟစ်ကျယ်နှင့် လက်ထောက်ဒါရိုက်တာရုံးခန်းမှဝုန်းဒိုင်းကြဲ၍ထွက်လာသည်။ သုံးလှမ်းမျှဆက်သွားလိုက်ပြီး လှေကားနှစ်ထစ်ဆင်းကာ ဌာနဒုခေါင်းဆောင်​၏ အခန်းတံခါးကို အကြမ်းပတမ်းဖွင့်လိုက်လေ​၏။

"ယန်ရှယ်!!!"

ယန်ရှယ်မှာတော့ ကွန်ပြူတာရှေ့တွင်ထိုင်လျက်သား။

"မင်းငါ့လျှို့ဝှက်နံပါတ်ကိုသုံးပြီး internal network ကို ဝင်ချိတ်ပြန်ပြီ!!  လူ့ကျင့်ဝတ်ဆိုတာဘာလဲ မင်းနားလည်ရဲ့လား!!"

ယန်ရှယ်က ပျင့်ရိပျင်းတွဲနှင့် ဖြည်းဖြည်းချင်းခေါင်းမော့လာသည်။ ဤအပြုအမူကြောင့် ဝေ့ယောင်မှာ တစ်ကိုယ်လုံး သွေးပွက်ပွက်ဆူလာရတော့သည်။

"မင်းရဲ့ ခေါင်းဆောင်ကျူ ဆေးရုံတက်နေတာရက်ပိုင်းပဲရှိသေးတယ် မင်းကဒီမှာ ပျော်ပျော်ကြီး အောင်ပွဲခံနေတယ်ပေါ့လေ! လွန်ခဲ့တဲ့နှစ်ရက်သုံးရက်ကလည်း တစ်ဖွဲ့လုံးကိုကာရာအိုကေခေါ်သွားပြီး သောက်စားတယ်! မင်းငါ့ကိုအရူးများထင်နေလား?! ငါမင်းကိုဖုန်းခေါ်တုန်းက အနောက်ကနေ_'ကမ္ဘာကြီးရဲ့နောက်ဆုံးနေ့လို့သတ်မှတ်ပြီး တစ်ဝကြီးချစ်လိုက်ပါ'_ ဆိုတာကြီးပဲကြားနေရတယ်။ မင်းလိုအရွယ်ရောက်ပြီးသားလူတစ်ယောက်အတွက် ချစ်လှပါချည်ရဲ့ကြိုက်လှပါချည်ရဲ့ ဆိုတဲ့ပါချီပါချပ်လေးတွေက ဘာမလို့လဲ?"

(T/N -   '   '  ထဲကဟာကသီချင်းပါ)

ယန်ရှယ်က ပြန်ပြောမည်ပြုသော်လည်း ဝေ့ယောင်ကကြားဖြတ်လိုက်ပြန်သည်။ အလိုမပြည့်ခြင်းအရိပ်အယောင်များ ယန်ရှယ်၏မျက်နှာတွင် ထင်ဟပ်သွားရ၏။

"ခွေးကောင် မင်းကတော့ ရာထူးတိုးမဲ့အရေးကို တာ့တာပြရတော့မယ်! မင်းအင်္ကျီကိုကြည့်စမ်း! နာရီ! ဖိနပ်!ဆံပင်!အကုန်ပြန်ကြည့်! ဒီကို ရှိုးလျှောက်ဖို့လာတယ်များအောက်မေ့နေတာလား? စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အပြစ်ပေးနေတာ ဘယ်နှခါရှိပြီလဲ?! အနည်းဆုံး သူတို့တောင် မှတ်မိနေပြီမလား!

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now