အပိုင်း(၅၆)-သူတကယ်ကွပ်မျက်ချင်တဲ့လူက ငါပဲ

1.9K 419 24
                                    

"သူ တကယ်ကွပ်မျက်ချင်နေတဲ့လူက ငါပဲ"

---------------------------------------------
လူနာဆောင်တွင်း၌ အချိန်ယန္တရားကြီးဟာ ရပ်တန့်နေလျက်။ ဖြူဆွတ်နေသော နံရံ၊ အိပ်ရာနှင့် မှန်ပြတင်းတို့ကား အဖြူရောင် အလင်းတန်း​မှုံမှုံ၏ ရောင်ပြန်ပစ္စည်းများအဖြစ် အသွင်ပြောင်းသွားကာ ၎င်းတို့ထံတစ်ထောက်နားပြီး ခရီးနှင်လာသော အလင်းတန်းကမူ ခေါင်းနောက်စရာ ကောင်းလှပါသည်။

ချွင်---

လက်ထိတ်မှထွက်လာသောအသံက တစပြင်နှယ် တိတ်ဆိတ်နေသော နှစ်ယောက်ကြားမှ လေထုကြီးကို ကို ဖြိုခွင်းလိုက်ပေသည်။ လီယွီရှင်း​သည် လက်နှစ်ဖက်လုံး တဆက်ဆက်တုန်နေကာ စက္ကန့်မဆိုင်းပင် တစ်ကိုယ်လုံး ပြိုလဲတော့မည်ကဲ့သို့ ဖြစ်နေသည်။ မိနစ်ပေါင်းများစွာ ကုန်လွန်သွားပြီးနောက် သွားရိုက်သံများကြားမှ စကားတစ်ခွန်းတိုးထွက်လို့လာသည်။

".....ရှင်.....ဘယ်လို......သိ....."

"ဟယ့်လျန်သေဆုံးမှုရဲ့ အမှန်တရားကို ဖုံးထားပြီး ခိုးမှုလေးတွေဆက်တိုက်လုပ်၊ လနည်းနည်းလောက် ထောင်ထဲမှာနေ၊ ပြီးရင် ပြန်ထွက်တာနဲ့ အရာအားလုံး အဆင်ပြေသွားမယ်ထင်တာလား?"

"........."

ကျန်းထင်သည် ကိုယ်ကိုညွှတ်လျက် သူမနားရွက်ဘေးကို ကပ်ပြောလိုက်လေ​၏။

"မကုန်ဆုံးနိုင်သေးတဲ့ နွေလယ်ညခင်းတွေ၊ အလှမ်းဝေးနေသေးတဲ့ ဂျူလိုင်လ။ ဒီစာသားရဲ့ အဓိပ္ပာယ်က ဂျူလိုင်လလယ် ညနေစောင်းပြီဆိုတာနဲ့ သိပ်ကို ခမ်းနားတဲ့ ဆည်းဆာနေမင်းကြီးဟာ တစ်ခုသောဒေသရဲ့ ရှစ်နာရီကိုးမိနစ်တိတိမှာ သက်ဆင်းသွားလေ့ရှိတယ်။ ငယ်ရွယ်မှုတွေ အဆုံးသတ်ပြီး အပြစ်ပေးချိန် စတင်ပြီလို့ ကြေညာလိုက်တဲ့အချိန်ပေါ့။ ပြီးတာနဲ့ အဆုံးမရှိရှည်လျားတဲ့ ညတာကြီးနဲ့အတူ ကွပ်မျက်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ကြတော့တယ်။---ဟယ့်လျန်ကိုသတ်လိုက်တာနဲ့ မင်းကိုအပြစ်မပေးတော့ဘူးလို့ ထင်နေတာလား? မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ ဟိုးအစကတည်းက မင်းကိုဘာလို့ ရွေးချယ်ခဲ့ကြလဲဆိုတဲ့မေးခွန်းကို မင်းစဉ်းစားကြည့်ဖူးလား?"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now