အပိုင်း(၆၄)-အသက်ကိုတန်ဖိုးမထားဘူး

2.6K 412 113
                                    

"မူးယစ်ရာဇာရဲ့ ပုံစံက ဘယ်လိုပြောရမလဲ...." ယန်ရှယ်က မျက်မှောင်ကြုတ်လျက် ပြောလေသည်။ "ကိုယ့်အသက်ကိုယ် ဂရုမစိုက်သလိုပဲ။"
----------------------------------------------

နောက်တစ်နေ့၊ ထျန်းဇုန့်တောင်တွင်

Mercedes Benz Gကားကြီးတစ်စီးသည် တောင်ကြားလမ်းတစ်လျှောက် ချွန်ထက်သော သစ်ကိုင်းများပေါ် ခုန်ပေါက်ဖြတ်မောင်းလျက် နောက်ဆုံး၌ လမ်းဘေးတစ်နေရာတွင် ကျွီခနဲ ထိုးရပ်သွားလေသည်။

"ငါ-ိုး........"

ယန်ရှယ်သည် ကားတံခါးဆောင့်ဖွင့်လိုက်​၏။ သူ့ခမျာ တံခါးနှင့်အမိုးတို့ဖြင့်တိုက်မိသဖြင့် အနည်းငယ်အောင့်သက်သက်ဖြစ်နေလျက်ပင် စောစဉ်ကတည်းက ဖျော့တော့ဖြူဖပ်နေသော ကျန်းထင်ကို ထူပေးရန် လက်လှမ်းလိုက်​၏။

"ဒီနေရာလာရတာ သောက်ရမ်းအနာခံရတယ်ဟ"

ကျန်းထင်မှာမူ လက်ကိုရမ်းရုံမျှရမ်းနိုင်ပြီး စကားမပြောနိုင်ရှာ။ ရုတ်တရက် ပါးစပ်ကို လက်နှင့်အုပ်ပြီး

"အော့---"

ထိုတဒင်္ဂတွင် သူ ကိုယ့်ပေါ်ကိုယ် ပြန်အန်ချမိသွားပြီဟု ယန်ရှယ်ထင်လိုက်သော်လည်း တကယ်တမ်းမှာဖြင့် လေပျို့ရုံသာဖြစ်နေခဲ့သည်။ ကျန်းထင်မှာ အကြိမ်ရေ အနည်းငယ်မျှ ချောင်းဆိုးပြီးနောက် ဗိုက်ထဲမှလိတ်တက်လာသောခံစားမှုကြီးကို ဖိနှိပ်နိုင်လိုက်ပြီး ရေသောက်လိုက်လေ​၏။

"မင်းကိုယ်မင်းလဲကြည့်ဦး"

ယန်ရှယ်မှာ ရင်နာနေသော မျက်နှာပေးနှင့်

"အရမ်းကြီးထိန်းထားမနေပါနဲ့။ ဘာမှကြောက်စရာမလိုဘူး။ ကိုယ်ဝန်ရသွားတော့လဲ ကိုယ်တို့ လက်ထပ်မှတ်ပုံတင်လိုက်ရုံပေါ့။"

ကျန်းထင်ခမျာ လည်ချောင်းထဲမှ ပြန်တက်လာခါနီးရေကို ခက်ခက်ခဲခဲနှင့် မျိုချလိုက်ရပြီး ပင်ပန်းနွမ်းနယ်စွာနှင့်

"အခုက လူအရောက်အပေါက်နည်းပြီး တော်တော်ခေါင်တဲ့နေရာကိုရောက်နေမှန်းတော့သိတယ်မလား။ မင်းကိုတောထဲမြေမြှုပ်ထားခဲ့ရင်တောင် သုံးလလောက်ကြာတဲ့အထိ ရှာတွေ့ကြမယ်ထင်လား။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now