အပိုင်း(၁၂)-လူသတ်သမားရဲ့လှည့်စားမှု

2.6K 550 37
                                    

"ထင်သာမြင်သာရှိတဲ့အလောင်း။ရက်ရက်စက်စက်သတ်ဖြတ်မှု။ ရဲတစ်ယောက်အနေနဲ့ ဒီလူသတ်သမားဟာ ဘာတွေလှည့်စားချင်နေလဲဆိုတာ နှစ်ခါစဉ်းစားစရာမလိုဘူး။"
-----------------------------------------------

ငတုံးငအတွေသာ Volkswagen Phaeton ဝယ်ကြသည်ဟုလူအများက ပြောစမှတ်ပြုလေ့ရှိသည်။ သို့ရာတွင် ဇိမ်ခံကားတစ်စီး၏ သက်တောင့်သက်သာရှိမှု နှင့်လုံခြုံစိတ်ချရမှုတို့မှာတော့ သြချလောက်စရာပင်။ အနည်းဆုံးတော့အပြင်မှရဲများ၏ဖြတ်သွားဖြတ်လာအသံများနှင့်ပွက်လောရိုက်နေသံတို့ကိုကြားရခြင်းမရှိချေ။ကားတစ်စီးလုံးပင်လယ်ရေအောက်အမှောင်ထုထဲနစ်မြုပ်နေသည့်အလား။ တိတ်ဆိတ်နေသောလေထုကြောင့် သူတို့၏နှလုံးခုန်သံများကိုပင်ပြန်ကြားနေရ​၏။

".........မင်းတို့သူ့ကိုဘယ်လိုမှရှာတွေ့တော့မှာမဟုတ်ဘူး။"

ကျန်းထင်ကတုံ့ပြန်လိုက်လေသည်။

မိမိကအသာစီးရထားသောအခြေအနေဖြစ်၍ ယန်ရှယ်က 'ကျေးဇူးပြု၍ ရှင်းပြပေးပါဦး' ဟူသောသဘောနှင့် ယဉ်ကျေးစွာလက်ဟန်ပြလိုက်သည်။

"ဘာလို့လဲ?"

ကျန်းထင်က ပြန်မဖြေဘဲ မေးခွန်းတစ်ခုနှင့်သာ တုံ့ပြန်​လာ၏။

"မင်းခုနကတည်းကဘာလို့မိအောင်မဖမ်းလဲ?"

"အဲ့ဒီခွေးမသားပြေးတာမြင်းထက်တောင်မြန်သေးတယ်။

သူ့ကို ဆန်မောင်းလမ်းဝထိလိုက်နိုင်လိုက်ပြီး ငါတောင်ကားနဲ့ဝင်အကျုံးခံရတော့မလို့ပဲ....."

"ဘာကားလဲ?"

ယန်ရှယ်က ခဏရပ်လိုက်​၏။

"အဲ့ဒါကတော့ ငါလည်းသေချာကြည့်ချိန်မရလိုက်ဘူး။ SUV ဖြစ်မယ်ထင်တယ်။ အနက်ရောင်လိုလိုမီးခိုးရောင်လိုလိုပဲ။"

"အမြန်နှုန်းကရော?"

"......ခန့်မှန်းချေ ခြောက်ဆယ်ကနေ ခုနှစ်ဆယ် ကီလိုမီတာဝန်းကျင်ပဲ။ ဘာဖြစ်လို့လဲ?"

"သွားစစ်ကြည့်လိုက်။ အဲ့ဒီကားကကြံရာပါပဲ။"

"သူတို့ကတစ်ဖွဲ့တည်းဆိုတာ မင်းဘယ်လိုသိလဲ?"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now