အပိုင်း(၃၀)-ချွေးမလက်ဖက်ရည်သောက်လိုက်ပြီဆိုတော့ ငါ့သတို့သမီးလေးဖြစ်သွားပြီပေါ့

2.2K 431 26
                                    

'ငါတို့အိမ်ရဲ့ ချွေးမ လက်ဖက်ရည်ကိုသောက်လိုက်ပြီဆိုတော့ ငါ့သတို့သမီးလေးဖြစ်သွားပြီပေါ့..."

-------------------------------------------------

ညချမ်း​၏ အမှောင်ထုမှာ မီးအလင်း၏ ထိုးဖောက်ခြင်းခံလိုက်ရသည်။ ခဏတဖြုတ်အတွင်းမှာပင် ကမ္ဘာကြီးလင်းထိန်လာပြီး၊ တစ်ဖန် အသူရာချောက်နက်ထဲကျပြန်ကာ မှောင်မည်းသွားရပြန်​၏။

ယန်ရှောင်မိန်သည် သော့ကို အဝင်တံခါးဝရှိ ကျောက်ပန်းအိုးထဲသို့ ညင်သာစွာ ထည့်လိုက်ပြီး ရှက်ကိုးရှက်ကန်းနှင့် လှည့်လာ​၏။

"အဲ့ဒါဆို.....လူကြီးမင်းလု၊ ကျွန်မရှင့်အတွက် ပါဆယ်မှာပေးခဲ့မယ်နော်၊ ပြီးရင် ကျွန်မ အခင်းဖြစ်တဲ့နေရာကို ပြန်လိုက်တော့မယ်။"

​လေပြင်းမုန်တိုင်းကြောင့် သည်းကြီးမည်းကြီး ရွာလေသောမိုးသည် မိုသီးများအလား ပြတင်းပေါက်ကို တအုန်းအုန်း ရိုက်ခတ်နေသည်။ ဧည့်ခန်းထောင့်တွင် ဝါကြင့်ကြင့်မီးတိုင်လေး ရှိပေ​၏။ ကျန်းထင်သည် ဆိုဖာပေါ်ထိုင်ကာ ယန်ရှယ်​၏ လုပ်ငန်းသုံး လပ်တော့မှ စောင့်ကြည့်ဗီဒီယိုမှတ်တမ်းများအား ကြည့်နေလေသည်။ လက်တစ်ဖက်တွင် ဘောပင်ကိုင်ကာ ကျန်တစ်ဖက်က ဗီဒီယိုရပ်သည့်ခလုတ်ကို ရံဖန်ရံခါ နှိပ်လျက်။

"လူကြီးမင်းလု?"

"ဟမ်?"

ထိုအခါမှသာ ကျန်းထင်တုံ့ပြန်လေ​၏။

"ဒီလောက် ညဉ့်နက်နေပြီကို ဘာပါဆယ်မှာဦးမလို့လဲ? မိုးတအားသည်းနေတယ်၊ မပြန်နဲ့တော့။ ကားမောင်းဖို့လည်း ဘေးကင်းတာမဟုတ်ဘူး။"

ဟန်ရှောင်မိန်လေးမှာ အတင်းရုန်းထွက် ဖြေကြားလိုက်ရပါ​၏။

".......ကျွန်မပြန်မှဖြစ်မှာ"

ကျန်းထင် ထင်ခဲ့သည်က 'ပျောက်နေတဲ့လူကိုမကယ်ရသေးဘူး' သို့မဟုတ် ' ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေက အခုချိန်ထိ မိုးထဲလေထဲ အခင်းဖြစ်တဲ့နေရာမှာ ရှိနေသေးတယ်' လို့သူမပြောလာလိမ့်မည်ပေါ့။ သို့ပါသော်လည်း မည်သူထင်ထားပါအံ့၊ သူမအမှန်တကယ် ထပ်ပြောလိုက်သော စကားမှာ :

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora