အပိုင်း(၆)-ဟို.....ခေါင်းဆောင်ကျန်း

2.6K 539 22
                                    

ယန်ရှယ်မှာ သူကိုယ်တိုင်​၏အငယ်ဗားရှင်းလေးက တွန့်ဆုတ်စွာပြောသံကို ကြားလိုက်ရ​၏။

"ဟို....ခေါင်းဆောင်ကျန်း"

-----------------------------------------------

"မင်းသူ့ကိုယုံလား?"

ချင်ချွမ်းက အနည်းငယ်သံသယမကင်းစွာနှင့် မေးလိုက်သည်။

ယန်ရှယ်က လက်ချောင်းများကို ခပ်တင်းတင်းဆုပ်လို့ထား​၏။ အနည်းငယ်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်းရှင်းပြလာသည်။ 

"နည်းပညာသမားတွေက အခုစောင့်ကြည့်ကင်မရာကို ပြန်ပြင်နေကြပြီ။ တကယ်လို့သာ အခင်းဖြစ်တဲ့နေရာမှာ ဒီကောင်လေးမရှိခဲ့ဘူးဆိုတဲ့ သက်သေသာရရင် ငါသူ့ကိုယုံလိုက်မယ်"

ဒုခေါင်းဆောင်​၏ ရုံးခန်းမှာ ညလုံးပေါက်ထားထားသော အသင့်စားခေါက်ဆွဲနံ့သာမက ဆေးလိပ်နံ့များပါ ဆိုးရွားစွာ မွှန်ထူလျက်ရှိပေသည်။ အပြင်မှ တတွတ်တွတ်နှင့် စကားပြောဆိုသံများကိုလည်း ကြားနေရသည်။ ညဆိုင်းမရှိသော အရာရှိတို့မှာတာဝန်နှင့်ပက်သက်၍ တစ်ယောက်ပြီးတစ်ယောက် သူ့ထက်ငါ အစီအရင်ခံနေကြသည်။

"ဒါပေမဲ့ လောင်ယန်, ကိစ္စက ချီးလိုပဲ။ ဖုန်းယွီကွမ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး ဆရာရော ဘာသာရပ်အကြံပေးရောပြောတာပုံအရ အဲ့ကောင်ရဲ့ အမှတ်တွေက တော်တော်ကိုဆိုးရွားတယ်။သူကျမ်းတင်နိုင်လိုက်တာကိုပဲ ကောင်းကင်ဘုံကိုကျေးဇူးတင်လိုက်ရမယ်။ ဒါပေမဲ့ ချူစင်ကကျတော့ သူနဲ့ ပါရဂူစာမေးပွဲနဲ့ပက်သက်ပြီး အလောင်းအစားလုပ်ချင်တယ်လို့ပြောတယ်ဆိုပြီး ထွက်ဆိုတယ်။ ပြီးတော့သူက project တစ်ခုမှာတောင် ပါဝင်လိုက်သေးတယ်? ဖုန်းယွီကွမ်းဆိုတာ ဇာတ်ကားတွေ၊ဂိမ်းတွေ၊ကောင်မလေးတွေနဲ့ပဲ နေ့နေ့ညညအချိန်ကုန်နေတဲ့ကောင်။ စာလေ့လာမှုအပိုင်းမှာ စိတ်ဝင်စားတယ်ဆိုတာ လုံးဝသူ့ပုံစံမဟုတ်ဘူး။ ချူစင်ရဲ့ထွက်ဆိုချက်တွေကိုကြည့်ရင် သိသာပါတယ်။အခုလေးတင် သူအလိမ်အညာတွေထွက်ဆိုသွားတယ်ဆိုတာ မင်းသတိမထားမိဘူးလို့တော့ မပြောနဲ့။ အဲ့ကောင်စုတ်လေးမှာ ဖုံးကွယ်ထားတာတွေအများကြီးရှိတာ သေချာတယ်။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now