ပိုင္၀ူခ်င္း / ပိုင်၀ူချင်း

7.5K 262 7
                                    

ပိုင်၀ူချင်းမျက်လံုးဖွင့်လိုက်ေတာ့ သူရောက်နေတဲ့ နေရာေကြာင့် အတော်လေးအံ့သြသွားတယ် ဘာကြောင့်လဲဆိုတော့
သူရောက်နေတဲ့နေရာက အာကာလိုမျိုးဘာတစ်ခုမှမရှိ ဟင်းလင်းပြင်ကြီးဖြစ်ပြီး သူကိုယ်တိုင်လည်း မြေကြီးပေါ်မဟုတ်ဘဲ ပေါလောမျောလွင့်နေတာကြောင့်ဖြစ်တယ်

သူစဉ်းစားကြည့်လိုက်တော့ သူသေပြီမဟုတ်ဘူးလား သူရဲ့အယုံကြည်ရဆုံးသူငယ်ချင်းက သစ္စာဖောက်ပြီး သတ်သွားတာမဟုတ်ဘူးလား

ဒါမှမဟုတ်သူရောက်တဲ့နေရာက ငရဲများလား ဒါလည်းမဖြစ်နိုင်ဘူး

[ host ကလဲ့စားချေဖို့ အခွင့်အေရးရှိပါတယ် စိတ်၀င်စားလား ]

' ဘယ်သူလဲ....မင်းကသရဲလား '

[host ရဲ့ ပေါက်ကရအတွေးကို ရပ်လိုက်သင့်တယ် အောက်ကိုကြည့်လိုက်ပါ ကျေနာ်က အောက်မှာ ]

အောက်ကိုကြည့်လိုက်တော့ ရွှေအိုရောင်နဲ့ကြောင်တစ်ကောင်ဖြစ်နေတယ်

' မင်းက.... ?'

[ host နဲ့အတူတာ၀န်ထမ်းဆောင်မယ့် တွဲဖက်systemပါ host က system fic အကြောင်းတွေကြားဖူးတယ်မလား ]

' အင်း '

[ ဒါဆိုအများကြီးမပြောတော့ဘူး... အခုပရိုဖိုင်ကိုပြမယ် ]

အမည်- ပိုင်၀ူချင်း
အသက်- ၂၅
အလုပ်အကိုင်-mafiaခေါင်းဆောင်နဲ့ SS company CEO
၀ါသနာ- အဆင်ငမ်းခြင်း
Gender-10% gay
ကျွမ်းကျင်ပညာ- မရှိသေး
ပြီးမြောက်သည့်ကမ္ဘာ- 0
mission point- 0
သိုလှောင်ရုံ- သေနတ်တစ်လက်၊ အသက်ကယ်ဆေးတစ်လုံး

[ ဒါနဲ့လေhost ၀ါသနာကအဆင်ငမ်းခြင်းဖြစ်ရဲသားနဲ့ ဘာလို့ရည်းစားတစ်ယောက်တောင်မရှိတာလဲ ]

' အဲဒါက ၀ါသနာကငမ်းတာလေ သူတို့နဲ့တွဲတာမှမဟုတ်တာ
အဲ.... မေးအုံးမယ် ကျွမ်းကျင်ပညာက ဘာလို့မရှိတာလဲ ငါေလးအတိုက်အခိုက်ကျွမ်းတယ်လေ '

[systemထဲရောက်ရင်တော့ အစကနေပြန်စရမှာပါ ]

' အဲလိုဘယ်ရမလဲ ခုချက်ချင်း ပြန်ဖြည့်ပေးလိုက်'

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now