1.3

2.5K 207 1
                                        

လီဟွား system ပြောတာကို ပြန်စဥ်းစားနေလိုက်သည်

' ဗီလိန်က ဘယ်သူဖြစ်နိုင်လောက်မလဲ system ပြောသလိုဆို သူက ငါ့ type တဲ့ .....ထားပါ အချိန်တန်ရင် ပေါ်လာမှာပဲလေ '

သူ (မ) လည်း ကန်တင်းနေထွက်လာပြီး စာသင်ခန်းကို ဦးတည်လိုက်သည် ဒီနေ့စာမသင်ဘဲ လျှောက်သွားတာများနေပြီမလား ဒီလိုနဲ့ သူ (မ) လည်း စာသင်ခန်းထဲဝင်ပြီး သူ့နေရာသူ ငြိမ်ငြိမ်လေးထိုင်နေမိသည်

တချိန်ပြီးတချိန် ကုန်သွားတော့ နောက်ဆုံး​ကျောင်းဆင်းချိန်ရောက်လာတော့တယ် သူ(မ) လည်း ကျောင်းဂိတ်ဝနားရောက်တော့ တခြားလူတွေက မိဘတွေလာကြိုတာကြောင့် ပျော်ရွှင်ကာ ရယ်မောနေကြသည်

လီဟွားလည်း သက်ပြင်းတစ်ချက်ချလိုက်သည်

' သူက တကယ်ကံဆိုးတာပဲ မူလဘဝ (ပိုင်ဝူချင်း) တုန်းကလည်း မိဘတွေမလိုချင်လို့ စွန့်ပစ်သွားကြတာ အခု system ထဲရောက်တော့လည်း လီဟွားကမိဘမဲ့ .....ဟူး.....'

[ အယ်.... host မေ့နေပြီလား မူလကိုယ်ရဲ့ အဖေရှိသေးတယ်လေ လီဟွားက မိဘမဲ့မဟုတ်ပါဘူး]

' အော်... ငါဒီကမ္ဘာကို ရောက်ကတည်းက သူ့ကို မတွေ့ရသေးတော့ မေ့နေတာ '

လီဟွားလည်း လမ်းလျှောက်ပြန်မယ်ဆိုပြီး ဂိတ်ပြင်ကို ခြေလှမ်းလိုက်တယ်ဆိုရင်ပဲ သူ့ရှေ့ကို အနက်ရောင် ကားတစ်စီးရပ်လာသည် အစက လီဟွားကြောင်ရပ်နေမိပြီး နောက်တော့ ကားနောက်ခန်းက ကားမှန်ကို ချပြီး စကားပြောလာမှ ထိုလူက ဇာတ်လိုက်ဆိုတာ သိသွားရသည်

'' နှာဘူးလေး အိမ်က ကားလာမကြိုဘူးလား ''

'' အဲလိုမခေါ်နဲ့ ငါက နှာဘူးမဟုတ်ဘူး ''

'' ဟဟ... အဲလိုမခေါ်စေချင်ရင် ကိုယ်လိုက်ပို့ပေးမယ်လေ ''

'' ဘာမှလည်း မဆိုင်ဘူး လမ်းလျှောက်ပြန်လို့ရတယ် ''

'' မင်း.... တက်မှာလား မတက်ဘူးလား ဒါမှမဟုတ် ကိုယ်အတင်းဆွဲခေါ်သွားရင် အိမ်ပြန်လွှတ်မှာမဟုတ်ဘူးနော် ''

' ချီးပဲ !! ခုမှတွေ့တာကို ပြန်ပေးဆွဲမလို့တဲ့ .....အနိုင်ကျင့်လိုက်တာများ '

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now