Unicode
ရှဲ့ချန်းဝူလည်း အိပ်ယာပေါ်တွင် လှဲအိပ်ပြီးသွားတဲ့ အချိန်မှာတော့ မနက်မိုးလင်းနေပြီဖြစ်သည် သူလည်း လန်းဆန်းပေါ့ပါးသွားတာကြောင့် အကြောဆန့်ကာ အိပ်နေရာမှ ထိုင်လိုက်တော့ အောက်တစ်နေရာက စူးကနဲနာသွားတာကြောင့် အမြန်ပြန်လှဲချလိုက်သည်
ခနနေတော့ ဖြေးဖြေးချင်းထကာ ကုတင်ပေါ်ဆင်းလိုက်တော့ သူသတိထားမိသွားတာက သူ့ကိုယ်ပေါ်က အဝတ်တွေက သူ့ဟာမဟုတ်ဘူးဆိုတာပဲ နောက်ပြီး သူ့ရဲ့လျှို့ဝှက်နေရာလေးကလည်း အတော်လေးသက်သာနေတာကြောင့် တစ်ယောက်ယောက်က ဆေးလိမ်းပေးတာဖြစ်မယ် ဆိုပြီး တွေးလိုက်တယ်
ထိုအချိန်မှာ အခန်းတံခါးဟာ ပွင့်လာပြီး ကျူးဖူယွင်ဝင်လာသည်
တွေ့နေကျ အနောက်တိုင်းဝတ်စုံနဲ့ မဟုတ်ပဲ ပေါ့ပေါ့ပါးပါးအဝတ်တွေဝတ်ပြီး အနက်ရောင်ဆံပင်ကိုလည်း အနောက်သို့လှန်တင်မထားပဲ ဖြစ်သလိုထားတဲ့ သူ့ပုံစံဟာ လူငယ်ပုံပေါက်ပြီး တစ်မျိုးဆွဲဆောင်မှုရှိနေသည်
'' ချန်းဝူ နိုးနေတာကြာပြီလား? နေရတာရောအဆင်ပြေလား? ''
အပြုံးလေးနဲ့မေးလာတဲ့ ကျူးဖူယွင်ကို ကြည့်ပြီး ရှဲ့ချန်းဝူတစ်ယောက် ထိုအပြုံးတွင်နစ်မျောနေမိသည်
စိတ်ထဲမှာလည်း ချောလိုက်တာ အရမ်းချောတာပဲ ဆိုပြီးတွေးကာ ငေးကြည့်နေတော့သည်
'' အဟမ်း...ချန်းဝူ? ချန်းဝူ... ''
'' အမ်...အော်....အာ...ဘာပြောလိုက်တာလဲ? ''
'' ဟဟ...ဘာလဲ ကိုယ်အရမ်းချောလို့ ငေးကြည့်နေတာလား ''
'' အင်း...အဲ...မဟုတ်ပါဘူး...ဒီတိုင်း တခြားအကြောင်းတွေးနေလို့ ဒါနဲ့ မနေ့က ကူညီပေးလို့ ကျေးဇူးပါ နောက်မှ ကျေးဇူးပြန်ဆပ်ပါ့မယ် ဒါဆို ကျုပ်သွားလိုက်ပါဦးမယ် ''
ရှဲ့ချန်းဝူလည်း ပြောပြီးတာနဲ့ တံခါးဘက်ကို ဦးတည်သွားလိုက်တော့ ရုတ်တရက်သူ့ရှေ့ပိတ်ရပ်လိုက်တဲ့ ကျူးဖူယွင်ကို နားမလည်စွာ ကြည့်လိုက်ပြီး မေးလိုက်တယ်
'' ကိစ္စရှိသေးလို့လား? ''
'' နိုး ''
'' ဒါဆို ဘာလို့ လမ်းပိတ်နေတာလဲ ''
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Adventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
