3.1

1.7K 157 8
                                        

Unicode

ရှဲ့ယွမ်ကို မွေးတော့ ခင်ဗျားတို့ထင်သလို မူလကိုယ်ကို မချစ်တော့ပဲ လျစ်လျူရှူထားကြတယ်လို့ ထင်ကြတယ်မလား
မှားတယ်
ရှဲ့ချန်းဝူရဲ့ ဘဝက ရှဲ့ယွမ်မွေးပြီးတော့ ပိုပြီးတော့တောင် သာယာလာတယ်

ဘာကြောင့်လဲဆိုတော့ ထိုရှဲ့လင်မယားက အစက ကလေးမမွေးနိုင်လို့ ရှဲ့ချန်းဝူကို မွေးစားတဲ့အခါကျမှ သူတို့ ကလေးရသွားတာကြောင့် သူတို့နှစ်ယောက်ဟာ ရှဲ့ချန်းဝူကို သူတို့ရဲ့ ကောင်းချီး ၊ ကံကောင်းမှု ဖြစ်သတ်မှတ်ပြီး ပိုအလေးထားချစ်ခင်လာကြတယ် မူလကိုယ်လည်း အားနာစိတ်ကြောင့် ရှဲ့ယွမ်အပေါ်ကို ပိုဂရုတစိုက်ရှိလာပြီး သူ့မိဘတွေကလည်း ရှဲ့ယွမ်ကို သူ့အကိုကို ဂရုစိုက်ဖို့ အမြဲပြောလေ့ရှိတယ်

ဒီလိုနဲ့ သူတို့အရွယ်ရောက်လာတော့ သူတို့ကုမ္ပဏီကို ဆက်ခံဖို့ သူတို့မွေးစားသား ရှဲ့ချန်းဝူကို ရွေးချယ်ကြတယ် သိုပေမယ့် မူလကိုယ်က လွတ်လွတ်လပ်လပ်နေတာကို ကြိုက်တာကြောင့် ရှဲ့ယွမ်ကို လွဲလိုက်ပြီး သူကတော့ ဒုဥက္ကဌသာ လုပ်လိုက်သည်

မူလကိုယ်ရဲ့ ဝါသနာတစ်ခုကတော့ အသက်အန္တရာယ်ရှိလှတဲ့ စကိတ်စီးခြင်း ၊ ကားပြိုင်မောင်းခြင်း ၊ ဆိုင်ကယ်စီးခြင်းတွေနဲ့ ပင်လယ်ရေပိုင်းမှာတော့ Flyboarding ၊ surfing ၊ kayak surfing ၊ Barefoot water-skiing စတဲ့ အန္တရာယ်ရှိတဲ့ sport မျိုးဟာ မူလကိုယ်ရဲ့ ဝါသနာတွေဖြစ်တယ်

အန္တရယ်မရှိတဲ့ နောက်ထပ်ဝါသနာ နှစ်ခုကတော့ မိန်းကလေးအမျိုးမျိုးကို တွဲခြင်းနဲ့ ဂိမ်းဆော့ခြင်းပဲ ဖြစ်ပါတယ် တနည်းအားဖြင့် မူလကိုယ်က playboy ပေါ့

ဒီလိုနဲ့ မူလကိုယ်က မိန်းကလေးတစ်ယောက်ပြီးတစ်ယောက်တွဲရင်း နောက်ဆုံးတော့ ဇာတ်လိုက်မနဲ့ တွဲဖစ်သွားခဲ့တယ်

သိုပေမယ့် ဇာတ်လိုက်မနဲ့ တွဲနေတဲ့အချိန်မှာ ပြန်ပေးဆွဲခံလိုက်ရတယ် နောက်မှ သူသိလိုက်တာက သူ့ကို ပြန်ပေးဆွဲတဲ့သူက သူ့ညီလေး ရှဲ့ယွမ်ဖြစ်တယ်ဆိုတာပဲ

ထိုအချိန်မှာ သူ့ညီက သူ့ကို အကိုလိုမဟုတ်ပဲ ချစ်သူတစ်ယောက်လို ချစ်နေကြောင်း ရုတ်တရက် ပြောလာတဲ့အခါမှာတော့ ရှဲ့ချန်းဝူဟာ ရှော့ခ်ရသွားပြီး လက်မခံနိုင်ဖြစ်ခဲ့တယ်
သူအခွင့်အရေးရတာနဲ့ ထွက်ပြေးပေမယ့် ပြန်ပြီး အဖမ်းခံရလေ့ရှိတယ် အဲ့လိုအဖမ်းခံတဲ့အခါမှာလည်း အပြစ်ဒဏ်ဆိုပြီး ရိုက်တတ်သေးတယ်

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now