Unicode
မီးနတ်ဘုရားလည်း ပိုင်ဝူချင်းကို ကုပေးပြီးနောက် သူလည်း သူ့အဆောင်ကို ပြန်သွားတော့သည်
ထို့အခါ ပိုင်ဝူချင်းသူ့စွမ်းအင်တွေ တည်ငြိမ်အောင်နဲ့ ထိန်းချုပ်နိုင်ရန် အချိန်တိုင်းကြို့စားပြီး လေ့လာကာ ကျင့်ကြံနေတော့သည်
အချိန်တွေကုန်လွန်လာပြီး ပိုင်ဝူချင်း ကောင်းကင်ဘုံကို ရောက်လာတာဟာ နှစ်တစ်ရာကြာသွားလေပြီ
ဒီအတောအတွင်း သူ့စွမ်းအင်တွေကို အတော်လေး နားလည်လာပြီး လိုသလိုထိန်းချုပ်နိုင်ရုံသာမက အမြဲကျင့်ကြံပြီး အချိန်ကုန်တာကြောင့် အခုဆို သူဟာ စွမ်းအားကြီးတဲ့ နတ်ဘုရားတစ်ပါး ဖြစ်နေပြီ
မီးနတ်ဘုရားနဲ့လည်း အတော်လေး ရင်းနှီးနေကြပြီ ဖြစ်ပြီး သူနားမလည်တာတွေရှိရင် မီးနတ်ဘုရားကို မေးပြီး သူကလည်း သေချာပြန်ဖြေပေးလေသည်
ဒါပေမယ့် မီးနတ်ဘုရား ပြန်မဖြေတဲ့ အရာက သူ့အကြောင်းရယ် မီးနတ်ဘုရားအကြောင်းတွေရယ် ဘာကြောင့် လူတွေက မီးနတ်ဘုရားကို မုန်းကြတာလဲ ဆိုတာတွေကိုတော့ သူဘယ်လိုမေးမေး ပြန်မပြောပေ သူပြန်ပြောတာက မင်းအဆင်သင့် ဖြစ်ရင် ပြောပါ့မယ် ဆိုတာပဲ
အဲ့တာကြောင့် သူလည်း အတင်းမမေးတော့ပေ
နောက်ပြီး ပိုင်ဝူချင်းကောင်းကင်ဘုံတက်ပြီး နှစ်ပတ်ကျော်လောက်မှာပဲ သူ့ရဲ့ ဆရာတူအစ်ကိုကြီး ချောင်ရှိုးကလည်း အဆင့်တက်ပြီး ကောင်းကင်ဘုံရဲ့ စစ်ဆေးခြင်းကို ခံယူပြီး ကျင့်ကြံခြင်းစစ်နတ်ဘုရားဖြစ်လာပြီ ဖြစ်တယ်
ပိုင်ဝူချင်း အတွေးများနေတုန်း သူ့နန်းဆောင်တံခါးက လူတစ်ယောက်လာခေါက်တာကြောင့် သွားဖွင့်လိုက်တော့ ရန်ဖုန်းယွီဖြစ်နေတယ်
'' ချင်းအာ ဒီရောက်ကတည်းက ကောင်းကင်အရှင်ကို မတွေ့သေးတော့ သွားနှုတ်ဆက်ရအောင်လေ ''
'' အာ ဟုတ်သားပဲ ကျနော်မေ့နေတာ ဒါဆို သွားမယ်လေ ''
ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ကောင်းကင်အရှင်ဆီ သွားကြတော့သည်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Adventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
