Unicode
'' ကိုယ်မင်းကို ကူညီချင်ရုံပါ
Easton ဒါမှမဟုတ် ပိုင်ဝူချင်း '''' မင်း... မင်း... မင်းဘယ်သူလဲ? ''
'' ရှူး...အကျယ်ကြီးအော်နဲ့လေ..... ပိုင်ပိုင်က ကိုယ့်ကို မမှတ်မိဘူးပဲ ''
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ကာ ခပ်တိုးတိုးနဲ့ ပြောနေတာကြောင့် တရားသူကြီးက အသံပြုလိုက်သည်
'' မစ္စတာလုခ့် အနေအထိုင် ဆင်ခြင်ပါ ဒါက တရားရုံးဆိုတာမမေ့နဲ့ ''
တရားသူကြီးစကားသံကြောင့် လုခ့်လည်း လှည့်ကြည့်ကာ တခဏလောက် တရားသူကြီးကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး နောက်တော့ သူ့မျက်နှာဟာ အရင်လို ရွှင်ပြပြဖြစ်လာ
ပြန်သည်'' ဟား ဟား ကောင်းပြီလေ ငြိမ်ငြိမ်လေးနေပေးမယ် ''
'' ၃.၅.၂၀၂၀ ရက်နေ့ .. ည ၁၁း၂၀ တွင် xxx လမ်းမက ကားတိုက်မှုကို စုံစမ်းစစ်ဆေးပြီးနောက် သက်သေများကို ကြည့်ပြီး ဒီကိစ္စက တရားခံက မစ္စတာလုခ့်ဆိုတာ အတည်ပြုပါတယ် ဒါကြောင့် တရားခံ လုခ့်ရဲ့ အခြေအနေအရ မူမမှန်တာကို တွေ့ရသဖြင့် တရားခံ လုခ့်ကို အရူးထောင်....''
'' your honour!! ... your honour စကားကို ဖြတ်ပြောမိတဲ့ အတွက် တောင်းပန်ပါတယ်... ဒါပေမယ့် လုခ့်ကို အရူးထောင် မပို့ဖို့ တောင်းဆိုပါရစေ သူ့အမူအရာက ထူးဆန်းနေပေမယ့် သူ့ကို ရိုးရိုးထောင်ကိုပဲ ပို့ပေးဖို့ တောင်းဆိုပါတယ် ''
တရားသူကြီးရဲ့ စကားကို ရုတ်တရက် ဝီးလ်ဆန်က ဖြတ်ပြောလိုက်ပြီး တရားခံဘက်က ပြောပေးနေတာကြောင့်
စတီဗ့် မျက်နှာဟာ ထိန်းမရအောင် မည်းမှောင်သွားတော့သည်'' မစ္စတာဝီးလ်ဆန် ဘာအကြောင်းပြောနေတာလဲ ဆိုတာရော သိလား လုခ့်က တခြားလူတွေကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ ''
'' သူ ဒုက္ခမပေးဘူးလို့ ကျနော် ယုံကြည်တယ် ''
ထိုစကားကို ပြောပြီး ဝီးလ်ဆန်တစ်ယောက် သူ့ကိုသူ အံ့သြသွားသည် သို့ပေမယ့် သူတကယ်ကို လုခ့်ကို ယုံကြည်သည် လုခ့်က ဟန်ဆောင်နေတာလို့ သူထင်တာကြောင့် သူက တောင်းဆိုလိုက်ခြင်းဖြစ်သည်
![](https://img.wattpad.com/cover/276057693-288-k344794.jpg)
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)