Unicode
မနက်ရောက်တော့ ရှဲ့ချန်းဝူလည်း နိုးလာကာ သူတည်းခိုတဲ့ ဟိုတယ်ကနေ ထွက်လာတော့တယ်
မူလဇာတ်ကြောင်းအရ ဒီနေ့က မူလကိုယ်သေတဲ့နေ့ပဲ
အဲ့တော့မူလကိုယ်သေရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ လက်နက်သုံးလို့ရတဲ့ ကားပြိုင်ပွဲကို စိတ်ဝင်စားပြီး ဝင်ပြိုင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်
ဒီပြိုင်ပွဲမှာက စည်းကမ်းတစ်ခုပဲ ရှိတယ် အဲ့ဒါကတော့
' ကိုယ့်စိတ်ကြိုက်လက်နက်သုံးလို့ရတယ် ' ဆိုတာပါပဲ
ဒါပေမယ့် ရည်ရွယ်ချက်ရှိရှိ တစ်ဖက်လူကိုတော့ သတ်လို့မရပါဘူး
အဲ့လိုဆိုပေမယ့် လက်နက်သုံးလို့ရတဲ့ ပြိုင်ပွဲမှာ အသက်သေတာကတော့ မထူးဆန်းပါဘူးလေ
အဲ့တာကြောင့်လည်း မူလကိုယ်က သေတာပဲမဟုတ်လား
အဲ့ဒါကြောင့် ဒီပြိုင်ပွဲကို ဝင်ပြိုင်မယ့်သူတွေကို အသက်အာမခံချက် မပေးတာကြောင့် အင်မတန်မှ စွန့်စားမှုကြိုက်တဲ့သူတွေသာ ဝင်ပြိုင်ရမှာ ဖြစ်တယ်
အသက်အန္တရာယ်များတဲ့ ပြိုင်ပွဲဆိုပေမယ့် လူငယ်တော်တော်များများရဲ့ အာရုံကို ဖမ်းစားနိုင်တာကြောင့် ပြိုင်ပွဲဝင်တွေက အင်မတန်မှ များပြားလှတယ်
ဒီပြိုင်ပွဲကို အခုမှစဖွင့်တာလားဆိုတော့... မဟုတ်ဘူး
ဖွင့်တာကြာပြီ လူသိရှင်ကြားမကြေညာလို့ လူတိုင်းက မသိနိုင်တာ သိတဲ့သူတွေကလည်း လူကုန်ထံမျိုးတွေပဲဖြစ်တာကြောင့် လွယ်လွယ်နဲ့ မပေါက်ကြားတာဖြစ်တယ်
ခုချိန်မှာတော့ ရှဲ့ချန်းဝူလည်း ထိုပြိုင်ပွဲကို ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်
မူလကိုယ်နဲ့ သူ့(ပိုင်ဝူချင်း)မှာ တူညီတဲ့အကျင့်က အန္တရာယ်များတဲ့ အရာတွေကို လုပ်ရတာ စိတ်ဝင်စားတာပဲ
ဒါကြောင့် ရှဲ့ချန်းဝူလည်း ပြိုင်ပွဲမှာပါဖို့ အရည်အသွေးကောင်းတဲ့ ကားအသစ်တစ်စီးကို ဝယ်လိုက်တယ်
ကားရဲ့မှန်က အထူးပြုလုပ်ထားတာကြောင့် ဘယ်ကျည်ဆန်ကမှ မထိုးဖောက်နိုင်ပေ
လက်နက်တွေအတွက်တော့ သူစိတ်မပူပေ
သူ့မှာ systemလေးနေတယ်လေ
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)