Arc 1.0 (Lí Hūa)

3.7K 250 0
                                        

unicode

' အ... ဘာလို့ အရမ်းနာရတာလဲ '

[ ဇာတ်ကြောင်းပို့ခြင်း စတင်နေပါသည်................
ဇာတ်ကြောင်းပို့ခြင်း ပြီးဆုံးပါပြီ.... ]

သူအရင်ဆုံး ဇာတ်ကြောင်းကို ဖတ်ဖို့ လုပ်လိုက်တယ်
ဒီကမ္ဘာက သာမန် ကမ္ဘာဖြစ်ပြီး အထက်တန်းကျောင်းအချစ်ဇာတ်လမ်းဖြစ်တယ် ဇာတ်လိုက်နာမည်က ရွှမ်ချင်းယွီဖြစ်ပြီး ရွှမ်မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်တာ​ကြောင့် အလိုလိုက်ခြင်းခံရပြီး ဆိုးသွမ်းတဲ့ ကျောင်းသားဖြစ်သောလည်း ကျောင်းရဲ့ king တော့ ဖြစ်နေဆဲပင် ဆိုးသွမ်းတယ်ဆိုပေမယ့် မိန်းမအရှုတ်အရှင်းတော့ မရှိပေ

ဇာတ်လိုက်မနာမည်ကတော့ ရင်းစုချင်း သူမက ကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်ပေါ့ အစကတော့ပုံမှန်ပါပဲ ဒါပေမယ့် သူမက စာလည်းတော် အနေလည်းအေးပြီး သိမ်မွေ့တာကြောင့် ဇာတ်လိုက်ရဲ့ အာရုံကိုစွဲဆောင်နိုင်လိုက်တယ် ဒါပေမယ့် သူမက ဇာတ်လိုက်ကို အဖတ်မလုပ်တဲ့ပုံစံကြောင့် ဇာတ်လိုက်က ပိုစိတ်ဝင်စားသွားပြီး လိုက်ပိုးပန်းတော့တယ်
သူမက ငြင်းပေမယ့် ဇွဲမလျှော့ဘဲ လိုက်ပိုးပန်းတာကြောင့် နောက်ဆုံးလက်ခံ ပြီးတော့ ချစ်သူဖြစ် ညား ပေါ့

ဒါဆို သူဝင်တဲ့ကိုယ်ကရော?

ပိုင်ဝူချင်း သူဝင်တဲ့ ကိုယ်က ဘယ်သူလဲ ဆိုတာသိသွားတဲ့အချိန်မှာတော့ ငိုချင်စိတ်.... မဟုတ်သေးဘူး.. သေချင်စိတ်တောင်ပေါက်သွားတယ်

' ဂါး....system အစုတ်အပျက်.... ဘယ်လို ကိုယ်ထဲကိုပို့လိုက်တာလဲ '

ပိုင်ဝူချင်း system ကို စိတ်ထဲကျိန်ဆဲနေတုန်း ရုတ်တရက် သူ့ရှေ့တွင် ရွှေအိုရောင် ကြောင်လေးက ေပါ်လာတာကြောင့် နတ်ဆိုးဆန်ဆန် ပြုံးလိုပ်သည်

[ အမ်....host ကဘယ်ရောက်သွားတာလဲ ငါမှားရောက်လာတာများလား ဒါပေမယ့် မဖြစ်ဘူးလေ]

system လေးက ရောက်လာတော့ သူ့ရှေ့ကကုတင်ပေါ်မှာ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ကလဲဲပီး ဘယ်သူမှအရှိတာကြောင့် ထူးဆန်းသွားပြီး ပြောလိုက်ခြင်းပင်

' သောက် system မင်းလုပ်လို့ ဒီလိုဖြစ်ရတာကွ ဘာလဲ.. မသိချင်ယောင်ဆောင်မလို့လား '

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now