Unicode
ဝီးလ်ဆန်လည်း လုကာကိုပြောပြီး ရှေ့ကို ပြန်လှည့်လိုက်ကာ တရားသူကြီးကို ဦးညွှန့်လိုက်သည်
ထို့နောက် အမှုနဲ့သူလည်းပတ်သတ်တဲ့ ကိစ္စကို စတင်ပြောတော့သည်'' your honour အဲ့နေ့က အဖြစ်အပျက်မှာ ကျနော့် အမှုသည်က ကားတိုက်ခံရတဲ့သူကို ကူညီဖို့သွားတာပါ
ခင်ဗျားတို့လည်း စဥ်းစားကြည့်လေ လူတစ်ယောက်ကို တကယ် သတ်ဖို့ ကြိုးစားတဲ့သူက ဘာလို့ ပြန်ကူညီမှာလဲ ''ထိုစဥ် လုကာဆီမှ အသံထွက်လာသည်
'' မစ္စတာ ဝီးလ်ဆန် အဲတာက သူကူညီဟန်ဆောင်တာလဲ ဖြစ်နိုင်တယ်လေ မဟုတ်ဘူးလား ''
ထိုစကားကို ကြားတော့ ဝီးလ်ဆန်လည်း ပြုံးကာ ပြောလိုက်သည်
'' ဖြစ်နိုင်တာပေါ့ မစ္စတာလုကာ ထောက်ပေးလို့ ကျေးဇူးပါ
....ကားတစ်စီးနဲ့ တစ်စီးတိုက်မိရင် ကားက အကောင်းအတိုင်းရှိမနေနိုင်ဘူးလေ ကားရဲ့ တိုက်မိတဲ့နေရာဖြစ်ဖြစ် တိုက်တဲ့ ကားဖြစ်ဖြစ် အစုတ်အပဲ့တော့ ရှိစမြဲပါ ဟုတ်တယ်မလား မစ္စတာလုကာ '''' အင်း ဟုတ်တယ်လေ အဲ့တော့...''
'' အဲ့တော့ ကျနော် စုံစမ်းထားချက်အရ ကျနော်အမှုသည်ရဲ့ ကားက အကောင်းပကတိအတိုင်း ရှိနေတာကို တွေ့ရတယ် ''
ချက်ချင်းပင် လုကာဆီမှ တုန့်ပြန်သံကို ကြားလိုက်ရသည်
'' အဲ့တာကတော့ သူအဖမ်းမခံရခင် ပြင်တာလည်း ဖြစ်နိုင်တယ်လေ ''
'' မစ္စတာလုကာက မေ့နေတာလား ရိုဝမ်က အဲ့နေ့က အတိုက်ခံရသူကို ချက်ချင်းဆေးရုံပိုးပေးပြီးမှ အိမ်တောင်မပြန်ခင်မှာ အဖမ်းခံရတာလေ ပြီးတော့ ဆေးရုံက အဲဒီလမ်းမကြီးကနေ မောင်းလာမယ်ဆိုရင် မိနစ်၂၀ လောက်မောင်းရတယ် ဒါပေမယ့် ရိုဝမ်က လူနာကို စိတ်ပူတာကြောင့် ၁၀မိနစ်နဲ့ ဆေးရုံကို ရောက်သွားတာကြောင့် ကြားထဲမှာ တခြားနေရာကို မသွားဘူးဆိုတာ သေချာတယ် အဲတာကြောင့် ကားက ရိုဝမ်ရဲ့ကားနဲ့ တိုက်တာမဟုတ်ဘူး နောက်ပြီး အတိုက်ခံရတဲ့ကားကို စစ်ကြည့်ပြန်တယ် ကားရဲ့ တိုက်ခံရတဲ့နေရာက ကျနော့အမှုသည်ရဲ့ ကားနဲ့ဘယ်လိုမှ မကိုက်ညီဘူး ''
![](https://img.wattpad.com/cover/276057693-288-k344794.jpg)
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)