Unicode
လီဟွားလည်း ရွှမ်ချင်းယွီနဲ့ စကားပြောပြီးနောက် စာသင်ခန်းထဲဝင်ပြီး တစ်နေ့တာကို ကုန်ဆုံးစေသည်
' Peter ရင်းစုချင်းကို လီဟွားနာမည်ခံပြီး ရှင်းလိုက်တော့ '
[ ကောင်းပြီ.. ]
ကျောင်းဆင်းချိန်ရောက်တော့ အခန်းရှေ့မှာ ရွှမ်ချင်းယွီက စောင့်နေတာကြောင့် လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ ဒါပေမယ့် လီဟွားက ဂရုမစိုက်ပဲ ရွှမ်ချင်းယွီဆီကို လိုက်တယ်
'' ချင်းယွီ ရောက်တာကြာပြီလား ''
'' မကြာသေးဘူး ခုလေးတင်ပဲ သွားရအောင်လေ လိုက်ပို့မယ် ''
[ host ဇာတ်လိုက်မက ပျောက်သွားပြီ မစ်ရှင်လည်းအောင်မြင်တယ်]
' အမ်... ဘယ်လိုဖြစ်တာလဲ '
လီဟွားလည်း သူ့ဘေးက ရွှမ်ချင်းယွီကို ကြည့်တော့ နားလည်သွားတော့တယ်
သူတို့နှစ်ယောက် ကျောင်းကနေ ကားမောင်းထွက်လာပြီး အိမ်ကို ပြန်လာတော့တယ်
'' ချင်းယွီ တစ်ခါတည်း ဒယ်ဒီကိုပြောပြီး အကိုဆီးပြောင်းနေတော့မယ်လေ ''
'' ကောင်းပြီလေ ''
အိမ်ရောက်တော့ ရွှမ်ချင်းယွီက ကားနားကနေ စောင့်နေပြီး လီဟွားကတော့ အိမ်ပေါ်တက်ကာ ပြင်ဆင်နေတော့တယ်
ထိုစဥ် ခြံဝန်းထဲကို ကားတစ်စီးဝင်လာပြီး လူတစ်ယောက်ထွက်လာကာ ရွှမ်ချင်းယွီဆီကို တည့်တည့်လျှောက်လာပြီး သူ့ကော်လံကို ဆွဲလိုက်တော့တယ်
'' မင်း ဘာလာလုပ်တာလဲ ''
ရွှမ်ချင်းယွီလည်း ကုချန်ချိုးကို ကြည့်မရတာကြောင့် လိမ်ပြောလိုက်တယ်
'' အဟွန်း... ကိုယ့်ချစ်သူကို လာခေါ်တာလေ ''
'' ဘာ!! မင်း.... ''
~ ခွပ် !!~ ( လက်သီးထိုးသံ)
'' မင်း ထိုးတာ နှစ်ခါတောင်ရှိပြီ အဲတော့ ကျုပ်အလှည့် ''
~ ခွပ်!! ~
အပေါ်ထပ်က လီဟွားတစ်ယောက် ဆူညံသံကြောင့် အောက်ဆင်းလာတော့ ရန်ဖြစ်နေတဲ့ လူနှစ်ယောက်ကြောင့် ခေါင်းကြိမ်းသွားတယ်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
