1.4

2.2K 199 0
                                    

လီဟွား စိတ်ထဲမှာ system နဲ့ ရန်သတ်နေရတာကြောင့် သူ့ရှေ့ကထိုင်နေတဲ့ သူ့အဖေကို ခေတ္တမေ့သွားသည်

'' ကလေးလေး အဆင်ပြေလား အထဲဝင်ရအောင်လေ အပြင်မှာအေးတယ် ''

'' ဟုတ် daddy ''

သူတို့ နှစ်ယောက်လည်း အိမ်ထဲဝင်ပြီး လီဟွားက ကုချန်ချိုးရဲ့ အပေါ်ဝတ် အင်္ကျီကို ချွတ်ပေးလိုက်သည်

'' ခုချိန်ထိစောင့်နေတာ ပြောစရာရှိလို့လား ''

'' ရှိပါတယ်.... ဟို... တကယ်တော့... ဟိုလေ... သမီး ဒယ်ဒီ့ဂိုဏ်းမှာ အလုပ်လုပ်ချင်တယ် ''

'' ဘယ်လို!!!... ''

ရုတ်တရက် အော်လိုက်တဲ့ ကုချန်ချိုးကြောင့် လီဟွားလန့်သွားကာ ကိုယ်လေးတုန်တက်သွားသည် ထိုအခါမှ ကုချန်ချိုးလည်း သူ့လေသံကိုလျှော့လိုက်ရသည်

'' ဘာလို့လဲ ဟွားဟွား... အိမ်မှာမပျော်လို့လား ''

' ငှယ် ဒီအဖေကြီး မေးရက်တယ်... ဒီလိုအိမ်ကြီးမှာ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်တည်းနေရတာ ဘယ်လိုလုပ်ပျော်မှာလဲ.... အိုးဟိုး...သဘောပေါက်ပြီ... အဲဒါကြောင့်ကိုး..... '

တွေးဆဆနဲ့ပြောလာတဲ့ လီဟွားကြောင့် system လေး စိတ်ရှုပ်သွားကာ

[ host ကဘာကို သဘောပေါက်တာလဲ ကျနော့ကိုလည်း ပြောအုံးလေ]

' ဟင်းဟင်း... ဒီလိုဆိုတော့ ငါလေးက ဗီလိနိကို မြူဆွယ်လို့ရပြီပေါ့... '

[ host.... လူလိုပြောလေဗျာ...ကျနော်နားမလည်ဘူး]

' ဒီလိုလေ... တကယ်တော့ လီဟွားက ကုချန်ချိုးရဲ့ သမီးအရင်းမဟုတ်ဘူး မွေးစားထားတာ '

[ ဒင်! host.. အခုလေးတင် hidden mission ပေါ်လာပါတယ် လီဟွားရဲ့ မိဘအရင်းကို ရှာဖွေပါ]

' အယ်... ငါလေးက ခန့်မှန်းတာလေ... သစ်ရွက်မို့လို့ ခန့်မှန်းတာမှန်ရုံမက နောက်ထပ် မစ်ရှင်ပါ ထပ်တိုးရတယ်လို့ '

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now