3.14 (final)

1.3K 117 2
                                        


Unicode

ကျူးဖူယွင်ထွက်သွားတော့ ရှဲ့ချန်းဝူလည်း လုပ်စရာမရှိတာကြောင့် ပြန်အိပ်လိုက်တယ်
နိုးလာတော့ နေ့လည်စာစားချိန်ရောက်နေပြီဖြစ်တာကြောင့် ကျူးဖူယွင်က ခေါ်လာပြီး နှစ်ယောက်အတူ စားလိုက်ကြတယ်

စားပြီးတော့ ကျူးဖူယွင်လည်း ရှဲ့ချန်းဝူရဲ့ နှဖူးဆီအနမ်းချွေကာ မင်္ဂလာဆောင်အတွက် ပြင်ဆင်ရပြန်သည်

ရှဲ့ချန်းဝူမှာတော့ ဧည့်ခန်းတွင်တီဗီကြည့်ရင်း အသီးအချို့ကို စားနေလေသည်
နောက်တော့ မကြည့်ချင်တော့တာကြောင့် systemလေးနဲ့ ဟိုဟိုဒီဒီ ပြောလိုက် ကြာလာတော့ အိပ်ချင်လာတာနဲ့ ပြန်အိပ် ဒီလိုနဲ့ ရှဲ့ချန်းဝူရဲ့ တစ်နေ့တာအလုပ်ဟာ တစ်ခုပြီးတစ်ခု သံသရာလည်နေတော့သည်
.
.
.
.
.
.
ဒီလိုနဲ့ နောက်တစ်နေ့နံနက်လည်ရောက်တော့ ကျူးဖူယွင်ရဲ့ အစောကြီး နှိုးခြင်းကို ခံရလေသည်

ရှဲ့ချန်းဝူလည်း မထချင်ထချင်နဲ့ ထပြီး ထိုင်လိုက်ကာ အခန်းထဲကို လှည့်ကြည့်လိုက်တော့ ထိုလူရဲ့အရိပ်အယောင်တောင် မတွေ့တော့
အဲ့ဒါနဲ့ သူလည်း စားပွဲပေါ်က နာရီကို ကြည့်လိုက်တော့ ၈နာရီကျော်နေပြီ

ထိုအခါမှ ရုတ်တရက်သတိရလိုက်တော့တယ် ဒီနေ့က သူတို့မင်္ဂလာဆောင်မယ့်နေ့ ပြီးတော့ အခမ်းအနားက ၉နာရီစမှာ အခု၈နာရီကျော်ပြီ သေစမ်း ဒီလိုနေ့မှာတောင် အိပ်ယာထနောက်ကျတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ကျူးဖူယွင်က သူဝတ်ဖို့ ပြင်ဆင်ပေးထားတဲ့ ဘေးက ဗီရီုရှေ့ချိတ်ထားတဲ့ ဝတ်စုံကို ကြည့်ပြီး ပြုံးလိုက်တယ်

အနောက်တိုင်းဝတ်စုံကိုမှ အဖြူရောင်ကြီး သူ့လို အနက်ရောင်ကြိုက်တဲ့သူကိုမှ
အနက်ရောင်ကြိုက်လွနန်းလို့ သူ့အသုံးအဆောင် ၊ အင်္ကျီ ၊ ကား ၊ အိပ်ယာ ၊ ဘွတ်ဖိနပ် သူသုံအရာတွေမှာ အနက်ရောင်ကလွဲလို့ တခြားအရောင်မရှိလောက်အောင် သူအနေက်ရောင်ကို စွဲလန်းတယ်
အခုတော့ အနက်ရောင်ကြိုက်တဲ့သူကိုမှ အဖြူရောင်လာဝတ်ခိုင်းနေတာ နည်းနည်းတော့ ရယ်စရာကောင်းပေမယ့်ပေါ့
(စာရေးသူ: ဟဲဟဲ ကိုယ်ကြိုက်တဲ့ရောင် ထည့်ရေးလိုက်တာ)

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now