Unicode
'' ဖုန်းယွီ ''
ရီချင်းယွဲ့ခေါ်လိုက်တော့ မျက်လုံးမှိတ်ရာမှာ ဖြည်းညင်းစွာ ဖွင့်လာပြီး ရီချင်းယွဲ့ကို မော့ကြည့်လာတယ်
'' ဘာကိစ္စလဲ သူများအေးဆေးနေတာကို မနှောင့်ယှက်ရဘူးဆိုတာ မသိဘူးလား ''
မျက်မှောင်ကြုံကာ စိတ်မရှည်တဲ့အသံနဲ့ ပြောလာတဲ့ ရန်ဖုန်းယွီကိုကြည့်ပြီး ရီချင်းယွဲ့ စိတ်မဆိုးပဲ အပြုံးနဲ့သာ တုံ့ပြန်လာပြီး ပြောလိုက်တယ်
'' သိတယ် အရေးကြီးလို့ ဒါပေမယ့် မင်းနဲ့မပြောဘူး ''
'' ဟမ်? ''
'' ရန်ဖုန်းယွီ ခနလောက်ထွက်လာအုံး စကားပြောရအောင် ''
ရီချင်းယွဲ့ရဲ့ စကားသံအဆုံး ရန်ဖုန်းယွီရဲ့ အံ့သြနေတဲ့ မျက်နှာထားဟာ ပျောက်ကွယ်သွားပြီး အေးစက်စက်အမူအရာဖြစ်သွားကာ သူ့အရှိန်အဝါဟာ လည်း ချက်ချင်းပြောင်းသွားတော့တယ်
သူ့နှဖူးမှာလည်း မီးတောက်ပုံအမှတ်အသားတစ်ခုပေါ်လာပြီး သူ့ဝတ်ရုံဟာလည်း အနီနဲ့အနက်ရောစပ်ရာကနေ ကြက်သွေးရောင်တောက်တောက်ကို ပြောင်းသွားတော့တယ်
ထို့နောက် မတ်တပ်ရပ်လာကာ သူ့လက်နှစ်ဖက်ကို နောက်ပစ်လျက် ရီချင်းယွဲ့ရှေ့ကို ရန်ဖုန်းယွီ မဟုတ်တဲ့
ရန်ဖုန်းယွီဟာ သွားရပ်လိုက်တယ်
'' ပြော ဘာလဲ ''
'' ဖုန်းယွီ ငါတည့်ပဲ ပြောလိုက်မယ် အခုအမှောင်နတ်ဘုရားဖြစ်တဲ့ ငါက ပေါ်လာပြီ ဆိုတော့ မကြာခင် အလင်းနတ်ဘုရားလည်း ပေါ်လာတော့မယ်လို့ ငါထင်တယ် ဘာလို့ဆို အကောင်းအဆိုး အမှန်အမှား အဲ့ဒါတွေက အမြဲဒွန်တွဲပါလာလေ့ ရှိတယ်လေ အဲ့တော့ အခုအမှောင် ရှိပြီဆို အလင်းလည်း ကြာကြာစောင့်ဖို့ မလိုလောက်ဘူး ''
'' အင်း အဲ့တော့? ''
'' ငါစိုးရိမ်တာက....''
ရီချင်းယွဲ့ပြောချင်တဲ့ စကားကို နားလည်စွာ ရန်ဖုန်းယွီဟာ ဖြတ်ပြောလိုက်တယ်
'' သူဖြစ်မှာကိုလား ''
'' အင်း မင်းလည်း သိတဲ့အတိုင်းပဲ ဒီကမ္ဘာက တခြားကမ္ဘာတွေနဲ့မတူဘူးလေ ဒီကမ္ဘာက ပိုပြီး အရေးကြီးတယ်ဆိုတာ ''
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Adventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
