Unicode
ဝီးလ်ဆန်ရဲ့ ဦးတည်ရာနေရာကတော့ တရားရုံးဖြစ်သည်
သူဟာ စောရောက်နေတာကြောင့် သူအမှုကိစ္စကို ပြန်တွေးပြီး စဥ်းစားနေရင်း စာရွတ်စာတမ်းများကို သေချာစစ်ဆေးတော့သည်အချိန်မနည်းငယ်ကြာတော့ လူတွေဟာ ရောက်လာပြီး အားလုံးစုံးပြီးမှ တရားသူကြီး ရောက်လာတော့သည်
အခန်းထဲရှိလူအားလုံးဟာလည်း မတ်တပ်ရပ်ကာ တရာသူကြီးကို နှုတ်ဆက်ကြိုဆိုကြသည်'' အားလုံးထိုင်ကြ... စတင်လို့ရပြီ ''
တရားသူကြီး ထို့သို့ပြောပြီးနောက် ဝီးလ်ဆန်ရဲ့ ပြိုင်ဖက် လုကာဟာ ထလာပြီး တရားသူကြီးရှေ့တွင် ရပ်ကာ စတင်ပြောဆိုတော့သည်
'' your honour.. ဒီကိစ္စက ကျွန်ုပ်ဘက် သက်သေအားလုံးကို အရင်ပတ်က တင်ပြပြီး ဖြေရှင်းပြီးနေပြီကို မစ္စတာဝီးလ်ဆန်က သက်သက်အချိန်ဆွဲနေတာပါ သေဆုံးသူရဲ့ ကားထဲမှာ မစ္စတာရိုဝမ်ရဲ့ အင်္ကျီကြယ်သီးနဲ့ ရိုဝမ်ရဲ့ ခန္တာကိုယ်မှာလည်း ကုတ်ခြစ်ရာတွေတွေ့ရှိတာကို ကြည့်ပြီး အခုသေဆုံးသူက ကားတိုင်သတ်လို့မသေတာကြောင့် ရိုဝမ်က ထိုလူရဲ့ကားထဲဝင်ပြီး သတ်ဖို့ကြိုးစားတာပါ နောက်တော့ ရုန်းရင်ဆန်ခတ်ဖြစ်ပြီး သေဆုံးသူက ရိုဝမ်ကို ကုတ်ခြစ်မိသွားပြီး သူ့ရဲ့ အင်္ကျီကြယ်သီးကို ဆွဲဖြုတ်မိသွားတာ
ဖြစ်ပါတယ် ''လုကာပြောပြီးတော့ ထိုင်ခုံမှာထိုင်နေတဲ့ ဝီးလ်ဆန်ဟာ အေးဆေးထလာကာ ပြောလိုက်သည်
'' အိုး မစ္စတာလုကာ ဘာတွေအလျင်လိုနေတာလဲ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့အခါ ဖြေးဖြေးချင်းလုပ်မှပေါ့ မဟုတ်ရင် အပြစ်မရှိတဲ့သူကို အပြစ်ပေးမိသွားမှာပေါ့....မဟုတ်မှလွဲ..မစ္စတာလုကာက တစ်ခုခုကို ဖုံးကွယ်ချင်နေတာလား ''
ထိုစကားကို ကြားတော့ လုကာတစ်ယောက် တုန်လှုပ်မိသွားသည် သို့ပေမယ့် အမြန်ထိန်းလိုက်ကာ ဝီးလ်ဆန်ကို ကြည့်လိုက်သည်
'' မင်း...မစ္စတာဝီးလ်ဆန်က သူများကို စွပ်စွဲပြောရတာကြိုက်တယ် ထင်တယ်နော် ဒီလိုလုပ်နေရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းနိုင်မှာလဲ ''
![](https://img.wattpad.com/cover/276057693-288-k344794.jpg)
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)