Unicodeရှဲ့ချန်းဝူကို ကြည့်ပြီး အပြုံးလေးနဲ့ ပြောလာတဲ့ ကျူးဖူယွင်ကို ကြည့်ပြီး ကျုံးထျန်းယောင်တစ်ယောက် မျက်မှောင်ကြုံ့သွားသည်
'' ဘာကိစ္စ ဒီကိုလာတာလဲ? ''
'' အဟင်း...ပြောရရင် မင်းဒီမှာရှိရတဲ့ အကြောင်းနဲ့က အတူတူပဲဆိုရင်ရော ''
'' သောက်ပါးစပ်ကို ပိတ်လိုက်စမ်း... ''
* ခွပ် *
ကျုံးထျန်းယောင်တစ်ယောက် ကျူးဖူယွင်ကို အော်ပြောပြီး ချက်ချင်းပင် မျက်နှာပေါ် လက်သီးတစ်ချက်ပစ်ကျွေးလိုက်သည်
'' ခန...မင်းမယုံရင်လည်း ချန်းဝူကိုပဲမေးလေ သူပဲခေါ်လာတာ ''
ကျုံးထျန်းယောင်: ဘာာ!!!
ရှဲ့ယွမ်: ဘာာပြောတယ်!!!
ရှဲ့ချန်းဝူ: ဟင်! ကျနော်..မဟုတ်... အ့...ယွမ်လေး..နာ..နာတယ်
ရှဲ့ချန်းဝူလည်း ထိုစွပ်စွဲချက်ကို ရှင်းပြဖို့ပြင်တုန်း ရုတ်တရက် ပါးနှစ်ဖက်လာညစ်တဲ့ ရှဲ့ယွမ်ကြောင့် ဆက်မပြောနိုင်ဖြစ်သွားသည်
ကျုံးထျန်းယောင်: ဟုတ်လား မဟုတ်လားပြောစမ်း!!!
ထိုစကားဟာ ကျုံးထျန်းယောင်က ရှဲ့ချန်းဝူကို မေးတဲ့စကားလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ကျုံးထျန်းယောင်စိတ်ဆိုးဆိုးနဲ့ ဘေးနားကကိုယ်ယောင်ဖျောက်ထိုင်နေတဲ့ ရွှေအိုရောင်ကြောင်လေးကို မေးလိုက်ခြင်းဖြစ်သည်
စိတ်ဆိုးနေတဲ့အချိန်ဖြစ်တာကြောင့် သူ့စကားဟာ အပြင်ကို ပြောထွက်မိလိုက်ခြင်းပင်ကျုံးထျန်းယောင်ရဲ့ သွေးနီရောင် မျက်ဝန်းများကို မြင်လိုက်ရတဲ့ ရွှေအိရောင်ရောင်ကြောင်လေးမှာတော့ အယောင်ယောင်အမှားမှားနဲ့ ပြန်ပြောလိုက်ရသည်
[ ဟုတ်ပါတယ်...အဲ..မဟုတ်ဘူး..တကယ်မဟုတ်ပါဘူး ]
system လေးမှာတော့ ' ဟုတ်ပါတယ် ' လေးပဲပြောရုံရှိသေး
သူ့ host ကို စူးစိုက်ကြည့်လိုက်တဲ့ ကျုံးထျန်းယောင်ကြောင့် အမြန်ပင် သူ့စကားကို ပြန်ပြင်ပြောလိုက်ရသည်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)