2.4

2K 179 6
                                        

Unicode

ဝီးလ်ဆန်နဲ့ စတီဗ့်တို့ဟာ သက်သေရှာဖို့ ထွက်လာပြီးနောက် စတီဗ့်ဟာလည်း ဝီးလ်ဆန်သွားရာနောက်ကို တကောက်ကောက်လိုက်နေတော့သည်

ဒီလိုနဲ့ တစ်နေ့တာ ကုန်ဆုံးတော့မှ ဝီးလ်ဆန်လည်း သက်ပြင်းချကာ ကုတင်ပေါ်ပစ်လှဲတော့သည် ဒါတောင် ​မပြန်ခင် ဟိုက အသားယူသွားသေးတာ တကယ်အာရုံနောက်ဖို့ကောင်းတယ် ဝီးလ်ဆန်လည်း ထိုဟာကို မတွေးတော့ပဲ သူ့ system လေးကို ဆက်သွယ်တော့သည်

' system လေးရယ်....ဘယ်ရောက်နေလဲ '

[ ဒီမှာပါ host]

ဆိုပြီးပြောကာ ကုတင်အောက်က ကုန်းကွပြီး ထွက်လာတဲ့ ကြောင်ကို ဝီးလ်ဆန်တစ်ယောက် မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်နေမိတယ်

' အဲ့ဒီမှာ ဘာလုပ်နေတာလဲ '

[ ဘာမှမလုပ်ပါဘူး ကျနော်ပျင်းလို့ ဒီအောက်ကို ဝင်အိပ်နေတာ]

' အော်....ဒါနဲ့ ဒီကမ္ဘာက ဒုတိယဇာတ်လိုက်က တကယ်ကြောက်ဖို့ကောင်းတယ် သိလား သူ့အရှိန်အဝါက ဇာတ်လိုက်ထက်တောင် ကြီးတယ်လို့တောင် ငါထင်တယ် '

[ ဟင်...host လည်း အဲလိုထင်တာပဲလား...ကျနော်လည်းလေ သူ့ကို မြင်ရင် အလိုလို ကြက်သီးထတယ် သူက ကျနော်ကို မြင်သလိုပဲ]

' သောက် system မင်းငါ့ကို လာနောက်နေတာလား မင်းပုံစံက ကြောင်လေ သာမန်လူတောင်မြင်နိုင်တာကို ဘာတွေ လာပြောနေတာလဲ '

[ ဟုတ်သား...ကျနော်မေ့နေတာ..အဟမ်း..host ကလည်း]

' ကဲပါ... အခုငါမေးချင်တာက ဒီအမှုရဲ့ အဓိက တရားခံက ဘယ်သူလဲဆိုတာ ရှာပေး သက်သေရောပဲ '

[ host ကိုယ့်ဘာသာရှာလေ]

' မရှာချင်ပါဘူး အခုဟာက မစ်ရှင်မှာလည်း မပါဘူးလေ '

[ ပါပါတယ် မူလကိုယ်က ဒီအမှုကို ဖြေရှင်းချင်တယ်လို့လေ]

' အဲတာက သူ့အမှုသည်က ထောင်မကျစေချင်တာလေ တရားခံကို ရှာခိုင်းတာမှ မဟုတ်တာ '

[ ဟွန့်...အတူတူပဲကို]

' ငါက မတူဘူးဆိုရင် မတူဘူးလုပ်လိုက်ပေါ့ ရှည်ကိုရှည်တယ် '

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now